ညအချိန်လရောင်၏အရိပ်သည် နန်းတော်ထဲလင်းထိန်လို့......လေပြေတစ်ချက်အဝှေ့အရိုးထဲထိအေးစက်သွားစေသည်အထိ ဆောင်းရာသီသည်အေးပါသည်။
ဒီလောက်အအေးဒဏ်ကိုမမှုကာ ၀တ်ရုံအပါးအစုတ်အပျက်များဖြင့် အရပ်သားတို့သည် တိုင်ပြည်၏နေရာအနှံ့သို့လည်ပတ်နေကြသည်။တစ်ချို့က နန်းတော်ဆီသို့သုတ်ခြေတင်သွားနေကြသည်။သူတို့ဘုရင်ရဲ့မိဖုရားက ဒီနေ့ပွဲမှာ ဓါးသိုင်းအကကိုကပြမည်ဆိုသည်ကြောင့်ပင်။
နန်းတော်ထဲတွင်လဲ အကြီးအကျယ်ဆုံးနဲ့ အလှပဆုံးပွဲတော်တစ်ခုကိုကျင်းပနေပြီး ဗုံသံအကျယ်ကြီးတွေကိုလဲကြားနေရသည်။
ညီလာခံအပေါက်၀တွင်ခုံများခင်းကျင်းထားကာ ဘုရင်နဲ့မိဖုရားကဘေးချင်းကပ်ထိုင်နေကြသည်။ဘေးတွင်လဲတရုတ်နိုင်ငံဘုရင်နှင့် အိမ်နီးချင်းနိုင်ငံမှဘုရင်တစ်ချို့ကိုလဲဖိတ်ကြားထားတာကြောင့် ရောက်ရှိနေသည်။
လျှောက်လမ်းအကျယ်ကြီးရဲ့ဘေးတစ်ဖက်တစ်ချက်တွင် အမတ်တွေနဲ့သူတို့ရဲ့သားသမီးအမျိုးတွေလဲပါ၀င်တက်ရောက်ကြသည်။အမတ်တွေထိုင်နေတဲ့အနောက်ဘက်မှာတော့ တိုင်းသူပြည်သားများ တိုးကြိတ်လို့။
အရပ်သားတွေကိုကြည့်နေတဲ့ယောင်းက ပြူုးရယ်လို့ တစ်ခြားသူတွေသဘောတွေ့သွားမှာကိုစိုးရိမ်ပြီးသ၀န်တွေတိုနေတဲ့ ဂျောင်ဂုမှာတော့မျက်နှာကြီးဆူပုတ်လျက်။
"ယောင်းပျော်လား"
"အင်း"
မကြာလိုက်ထယ်ယောင်းလည်ပင်းပေါ်ရောက်လာသည့် ဆွဲကြိုးလေး.....ဒါလေးကခမည်းတော်သူ့ကိုပေးထားတဲ့ဆွဲကြိုးလေး။ဒီဆွဲကြိုးကို ကိုကို့ဆီပေးလိုက်တော့ခမည်းတော်နဲ့ရန်ဖြစ်ခဲ့သေးတာမှတ်မိပါ့။
"ဒါကိုကို့ကိုပေးထားတာလေ"
"ယောင်းရဲ့ခမည်းတော်ကယောင်းကို ပေးထားတာလေ ပိုင်ရှင်အစစ်အမှန်ကိုပြန်ပေးတာနော် မငြင်းနဲ့"
"ဟုတ် ချစ်တယ်ကိုကို"
လေသံတိုးတိုးလေးနဲ့ပြောတဲ့ပေါက်စလေးကို သူ့မှာအသဲတယားယား......
YOU ARE READING
More Than Love::TK::{Completed}
Werewolfယောင်း တိုတို့ရဲ့ လည်ပင်းလေး စားလို့ရမလားဟင် ဟင် ကိုကို့လည်ပင်းကိုစားရင် သေသွားမှာပေါ့ ယောင်းရဲ့ သေဝူးလေ သေးသေးလေးဘဲ စားမှာ Unicode ::::Zawgyi ယောင်း တိုတို့ရဲ့ လည်ပင်းလေး စားလို့ရမလားဟင် ဟင် ကိုကို့လည်ပင်းကိုစားရင် သေသွားမှာပေါ့ ယောင်...