ထယ်ယောင်းငယ်လေး အိပ်ဆောင်ထဲက အပြင်မထွက်တာ တစ်ပတ်ပင်ပြည့်ပြီ.....Heatကာလကကြာတာလဲပါပြီး ကိုကိုနှိပ်စက်ထားတဲ့ ဒဏ်တွေကြောင့်ပါ မထနိုင်ဖြစ်သွားရသည်......။ဒီတစ်ပတ်အတွင်း ကိုကိုကသူ့ဆီပေါ်မလာ အပြင်ကိုပြတင်းပေါက်ချပ်မှ လှမ်းကြည့်တော့ ရဲမက်တွေကပိုများလာသလိုပင်.....
"ဟင့် ဘာလို့အဲ့လောက်များနေရတာလဲ သိဘူးး ကိုကိုကလဲ မလာဘူး သူများကိုစားတုန်းကစားပြီး"
မျက်နှာလေးဆူပုတ်ကာ အပြင်သို့ထွက်လာခဲ့သည်.....ခုသူလမ်းသေချာလျှောက်လို့ရနေပြီပင်.....
"အထိန်းတော်ကြီး ယောင်းဆီ မဟုတ်ဘူး ထယ့်ဆီ အကိုတော်ကိုခေါ်ပေး"
ယောင်းဆိုတဲ့သူ၏အမည်နာမသည် ကိုကို့အတွက်သာ....
"အမိန့်တိုင်းပါ မင်းသားလေး"
အထိန်းတော်ကြီးက အစေခံကောင်မလေးနားကပ်ကာ စကားကပ်ပြောပြီး မကြာကောင်မလေးက ထွက်သွားတယ်....သူလဲ ရေကန်နားက ဖားသေးသေးလေးတွေကိုတွေ့တာကြောင့် ငယ်ဘ၀ကိုပင် သတိရသွားသည်။သူငယ်ငယ်က ဖားလေးတွေလို ကုန်းကွကွနဲ့လိုက်ဖမ်းတာမဟုတ်ပါလား......ထိုအခါ အမြှီးလေးထွက်လာလို့ ဖားလေးတွေကလန့်ပြီးပြေးကြကော....ခုလဲ ထိုဖားလေးတွေနားသွားပြီး ကုန်းကွကွနှင့်။
"ခစ်ခစ် အထိန်းတော်ကြီး သူတို့ကို ဖမ်းပေး"
"မင်းသားလေး ဖားတွေကိုမဖမ်းသင့်ပါဘူး"
"ဘာဖြစ်လို့လဲ ထယ်သူတို့ကို အခန်းထဲက မှန်ဘောင်ထဲထည့်ထားချင်တယ်"
"မင်းသားလေး သူများမိသားစုကို မခွဲသင့်ပါဘူး"
"ခွဲတော့ဘာဖြစ်လဲ"
"မင်းသားလေးကို သူတို့က လူဆိုးကြီးလို့ မြင်ကုန်ကြပါလိမ့်မယ်"
"အဲ့တာဆို သူများမိသားစုကိုခွဲရင် လူဆိုးကြီးပေါ့"
"မှန်ပါတယ်မင်းသားလေး"
"အဲ့တာဆို ထယ်နဲ့မယ်မယ့်ကိုခွဲတာကော ဘယ်သူလဲ အဲ့လူဆိုးကို သွားအစွယ်တွေနဲ့ကိုက်ပစ်မယ်"
YOU ARE READING
More Than Love::TK::{Completed}
Werewolfယောင်း တိုတို့ရဲ့ လည်ပင်းလေး စားလို့ရမလားဟင် ဟင် ကိုကို့လည်ပင်းကိုစားရင် သေသွားမှာပေါ့ ယောင်းရဲ့ သေဝူးလေ သေးသေးလေးဘဲ စားမှာ Unicode ::::Zawgyi ယောင်း တိုတို့ရဲ့ လည်ပင်းလေး စားလို့ရမလားဟင် ဟင် ကိုကို့လည်ပင်းကိုစားရင် သေသွားမှာပေါ့ ယောင်...