"ဟိုကလေး၂ယောက်"
ထယ်ယောင်းနဲ့ ဂျီမင်း ညနေခင်းနန်းတော်ထဲ လမ်းလျှောက်နေစဥ် လူတစ်ယောက်ခေါ်သံကြောင့် လှည့်ကြည့်လိုက်တော့ အဘိုးတစ်ယောက်.....အကိုယွန်းဂီရဲ့ အဘိုး......
"ကျွန်တော်တို့လား"
"မင်းတို့ဘဲရှိတာ လာခဲ့ဒီနား"
သူ့ရှေ့ကိုလာဖို့ ခေါ်တာကြောင့် ဘုမသိဘမသိ၂ယောက်မှာယောင်လည်လည်ရောက်သွားကြသည်။
"လက်ဖြန့်"
"အမ်"
"ဖြန့်ဆိုဖြန့်"
လက်လေးတွေဖြန့်ပေးလိုက်တော့ ထယ်ယောင်းလက်ကိုကိုင်ကာ ၀တ်ရုံကိုဆွဲတင်ပြီး တစ်ခုခုကိုရွတ်ဆိုရင်း ပြုံးရယ်ပြသည်။ဂျီမင်းကိုလဲ ထိုနည်းအတိုင်းလုပ်သည်။
"မင်းတို့ကို စောင့်ရှောက်မဲ့သူတွေရှိနေပြီ ဒီအဆောင်တွေမလိုတော့ဘူး"
အမြဲထူးဆန်းတာတွေကြီးပြောတတ်တဲ့ အဘိုးကြောင့် သူတို့လဲ ပြုံးပြကာ ပြန်လှည့်ထွက်လာခဲ့ကြသည်။
"အကိုတော်"
"ငယ်လေး"
မနိုင့်တနိုင် ၀တ်ရုံကိုမကာ ဗိုက်ဖောင်းဖောင်းလေးနဲ့ သူ့ရင်ခွင်ထဲပြေး၀င်လာတဲ့ ထယ်ယောင်းငယ်......
"လွမ်းလိုက်တာ ငယ်ငယ်ကဆိုအကိုတော့ရင်ခွင်ထဲမှာခဏခဏအိပ်တာလေ"
"အကိုတော်လဲလွမ်းပါ့ဗျာ"
"ဒီနေ့ ဆီမီးလွှတ်ပွဲရှိတယ်နော်"
"ဒီညသောက်ကြမလား"
ဂျီဂျီက၀င်ပြောတော့ အကိုတော်က မျက်စောင်းထိုးပြသည်။
"ငယ်လေးမသောက်ရဘူး"
"ဟာ အကိုတော်"
"ဘာလဲ သောက်လို့မရဘူး ဒါဘဲ"
"နည်းတည်း ပိစိလေးဘဲ မစိုသလောက်လေးဘဲသောက်မယ်လေနော်"
"နဲနဲတိုက်လိုက်ပါ အကိုတော်ဆော့ဂျင်ရဲ့"
"ပြောလို့ကိုမရဘူး"
"ဟီးးး"
♡
♡
♡More Than Love🌸🍃
♡
♡ဒီနေ့က ဆီမီးလွှတ်ပွဲတော်ရှိတာကြောင့် ပြည်သူတွေကော နန်းတွင်းထဲကလူတွေပါပျော်နေကြသည်။
ဘုရင်နဲ့မိဖုရားကိုယ်တိုင်ကပါ အရပ်ထဲကိုလာပြီး ကိုယ်တိုင်ကျင်းပကြမှာဖြစ်သည်။
YOU ARE READING
More Than Love::TK::{Completed}
Werewolfယောင်း တိုတို့ရဲ့ လည်ပင်းလေး စားလို့ရမလားဟင် ဟင် ကိုကို့လည်ပင်းကိုစားရင် သေသွားမှာပေါ့ ယောင်းရဲ့ သေဝူးလေ သေးသေးလေးဘဲ စားမှာ Unicode ::::Zawgyi ယောင်း တိုတို့ရဲ့ လည်ပင်းလေး စားလို့ရမလားဟင် ဟင် ကိုကို့လည်ပင်းကိုစားရင် သေသွားမှာပေါ့ ယောင်...