"မင်းဘယ်သူလဲ"
"မင်းဘာကြံနေတယ်ဆိုတာ ငါသိတယ်"
ထိုအကျီအမဲနဲ့လူကသူ့လည်ပင်းကို ဓါးအိမ်ဖြင့်ထောက်ကာ ပြောတော့ ဒီလူဟာသူ့အကြောင်းသိသူဘဲဖြစ်မယ်။
"သိနေတော့လဲ မထူးတော့ပါဘူး"
ဆိုကာ လက်သည်းတွေထုတ်ပြီး အနက်ရောင်၀တ်ရုံနဲ့လူကိုဆွဲခြစ်လိုက်သည်။အရှောင်ကောင်းတဲ့ထိုလူကလဲ ပေါ့သေးသေးတော့မဟုတ် သူ့ရှေ့ရောက်လာတဲ့လက်ကိုဆွဲကာ နံရံဘက်ကိုစောင့်တွန်းလိုက်တာကြောင့်အရပ်၀တ်နဲ့ သွေးစုတ်ကောင်မှာကျောအောင့်သွားရသည်။လူခြေတိတ်သော လမ်းကြားလေးထဲတွင် တိုက်ခိုက်သံတွေတစ်စတစ်စကျယ်လောင်လာသည်နှင့်အမျှ လူတွေမှာလဲ ထိုအနီးအနားသို့ရောက်လာကြသည်။
တစ်ယောက်နဲ့တစ်ယောက်တိုက်ခိုက်နေစဥ် အမဲရောင်၀တ်ရုံနဲ့လူရဲ့မျက်နှာမှ ပုဝါစသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
"ဟက် ဘယ်သူများလဲလို့ အရင်ဘုရင်ရဲ့နောက်လိုက်ခွေးကို"
"နောက်ထယ်ယောင်းနားမကပ်နဲ့"
"အဲ့တော့"
"မင်းသားကို လက်နဲ့ထိမိတာနဲ့ မင်းကိုအသေသတ်မိလိမ့်မယ်"
"မိစ္ဆာကောင် ဟိုမှာမိစ္ဆာကောင်!!"
လူတွေကလက်သည်းရှည်တွေနဲ့ကောင်ကိုတွေ့တော့ ကလေးတွေကိုအိမ်ထဲ၀င်ပုန်းခိုင်းပြီး အရပ်သားတွေကတော့ ဓါးတစ်ချောင်းဖြင့် ပြေးလာကြသည်။
"ဒီလူတွေ ချီး"
သူပြန်ချရင် ချက်ချင်းသေသွားမှာသိပင်မဲ့ လူတွေကအများကြီးမှအများကြီးပြေးလာတာကြောင့် အိမ်တွေကြားမှ တစ်ဖက်ကမ်းတောအုပ်ထဲကို ပြေးသွားတဲ့ သွေးစုတ်ကောင်မြို့စားဟန်.....
"ဟိုမိစ္ဆာဘယ်ရောက်သွားတာလဲ"
"ဒီကကောင်လေးအဆင်ပြေရဲ့လား လက်မှာဒဏ်ရာရထားတယ်""ရပါတယ်"
"စောစောစီးစီးငါတို့ကိုအော်ခေါ်သင့်တယ်ကောင်လေး တစ်ယောက်ထဲဆို သေသွားမှာ ငါတို့အရောက်မြန်လို့ပေါ့"
YOU ARE READING
More Than Love::TK::{Completed}
Werewolfယောင်း တိုတို့ရဲ့ လည်ပင်းလေး စားလို့ရမလားဟင် ဟင် ကိုကို့လည်ပင်းကိုစားရင် သေသွားမှာပေါ့ ယောင်းရဲ့ သေဝူးလေ သေးသေးလေးဘဲ စားမှာ Unicode ::::Zawgyi ယောင်း တိုတို့ရဲ့ လည်ပင်းလေး စားလို့ရမလားဟင် ဟင် ကိုကို့လည်ပင်းကိုစားရင် သေသွားမှာပေါ့ ယောင်...