"အကိုတော် ယွန်းဂီ!"
မြှားပစ်လေ့ကျင့်နေသည့် ကွင်းထဲသို့အပြေးလာကာ အော်နေသောပေါက်စ.....
ဂရုမစိုက်စွာ ရှေ့ကပစ်မှတ်ကိုသာသေချာကြည့်ပြီး လက်ကိုဆန့်ကာ မြှားကိုကိုင်ပြီး အာရုံစိုက်၍ပစ်မည်ကြံတုန်း ပစ်မှတ်ရှေ့ပိတ်ရပ်လာသည့် ဂျီမင်း.......လက်မှလွတ်ထွက်တော့မည့် မြှားကိုမောင်းမှသေချာပြန်ထိန်းကာ နေရာရွေ့လိုက်တော့ သစ်ပင်ကိုထိုးစိုက်သွားသည့် မြှားချွန်ချွန်......
"ဂျီမင်း ရူးနေလား သေသွားနိုင်တာသိရဲ့လားဟမ်!!"
ငေါက်လိုက်တော့ သူ့ကိုမျက်ရည်များဖြင့်ကြည့်ကာ သနားစရာလေးလုပ်ပြနေတာကြောင့် စိတ်ကိုတစ်ထစ်လျော့လိုက်သည်။
"အကိုက ဂျီဂျီကိုမပစ်ဘူးဆိုတာကိုသိလို့လေ"
"ဘာ..ဘာ အကို ခါတိုင်းလိုဘဲခေါ် ဂျီဂျီ"
"ဟင့်အင်းမခေါ်ဘူး ခုအကိုလို့ခေါ်မယ် နောက်ကျရင်တော့ ဂျီဂျီရဲ့ခင်ပွန်း ဟီးးးး"
"ကျစ်....ဂျီဂျီ ဘယ်လိုတောင်ဖြစ်နေရတာလဲ ငါတို့က....အွန့်"
ဒေါသထွက်ကာပြောနေတဲ့ သူ့ကို မေးရိုးမှဆုပ်ကိုင်ကာနှုတ်ခမ်းကို မော့နမ်းတဲ့ဂျီဂျီကြောင့် ဒေါသတွေကိုရေနဲ့ပတ်ဖြန်းလိုက်သလို ရှူးးးခနဲနဲ့ငြိမ်သက်သွားသည်။
"မဖြစ်နိုင်တာမရှိပါဘူး ထယ်ထယ်တောင်အကိုတော်နဲ့လက်ဆက်လို့ရတာဘဲ ဂျီဂျီတို့လဲရပါတယ် ခုကစပြီးဂျီတို့ ချစ်သူဖြစ်တာတစ်ရက်နော် နောက်ရက်ကျရင် အကို့အဘိုးဆီကနေလာတောင်းမှာမို့ စောင့်နေနော် သွားပြီ"
ပြောချင်ရာကို စာကလေးလိုတစ်တွတ်တွတ်ပြောသွားသည့်ပေါက်စ.... ရှက်ပြာရှက်ပြာနဲ့သွားနေတာ ခလုတ်တွေပါတိုက်လို့။
"တကယ် မလွယ်ဘူး"
ကိုယ့်နှုတ်ခမ်းကိုယ်ကိုင်ကြည့်ကာ ရေရွတ်လိုက်ပြီး ဘေးဘီကိုဝှေ့ဝိုက်ကြည့်တော့ အခြားမြှားပစ်နေကြတဲ့လူတွေကသူ့ကိုကြည့်နေကြသည်။အရှက်ပြေချောင်းတစ်ချက်ဟန့်ပြီး လေ့ကျင့်စခန်းကွင်းထဲကနေထွက်လာလိုက်ရသည်။နောက်မို့ဆိုရှက်လို့အဲ့နေရာမှာတင် သေသွားလောက်တယ်။
YOU ARE READING
More Than Love::TK::{Completed}
Werewolfယောင်း တိုတို့ရဲ့ လည်ပင်းလေး စားလို့ရမလားဟင် ဟင် ကိုကို့လည်ပင်းကိုစားရင် သေသွားမှာပေါ့ ယောင်းရဲ့ သေဝူးလေ သေးသေးလေးဘဲ စားမှာ Unicode ::::Zawgyi ယောင်း တိုတို့ရဲ့ လည်ပင်းလေး စားလို့ရမလားဟင် ဟင် ကိုကို့လည်ပင်းကိုစားရင် သေသွားမှာပေါ့ ယောင်...