"နိုးလာပြီလား မယ်မယ့်သားငယ်လေး"
အမှောင်အတိစိုးမိုးနေတဲ့ တောအုပ်အတွင်း မြူမှုန်လို အလင်းရောင်ဖြာထွက်နေတဲ့ အစလေးတွေဆီကနေ ကြားနေရတဲ့မယ်မယ့်အသံ။
"မယ်မယ်လား"
"အာရီဂူး ကလေးလေးကငိုနေတာလား"
မြူမှုန်တွေကြားက မယ်မယ့်ရဲ့ပုံရိပ်သည် ထိုင်နေသောသူ့အရှေ့ရှင်းလင်းပြတ်သားစွာပေါ်လာတော့ မိခွင်ရင်ခွင်ထဲဝင်ရောက်ငိုကြွေးမိသည်။
"မယ်မယ် ထယ်လေ အရမ်းပင်ပန်းတယ်"
"အွန်း မယ်မယ်ကလေးလေးပင်ပန်းနေရောပေါ့"
"ထယ့်ကို ကိုကို့ဆီပို့ပေးပါနော် ဒါမှမဟုတ်ဖွက်ထားပေးပါနော် ဟင့် ထယ်ကြောက်တယ်"
"သားတော်လေးအခုပုန်းကွယ်ရမဲ့ အချိန်မဟုတ်တော့ဘူးလေ ကိုကို့ကိုလဲမှီခိုရမဲ့အချိန်မဟုတ်သလို မယ်မယ့်ဆီမှာပုန်းကွယ်ရမဲ့အချိန်လဲမဟုတ်တော့ဘူး ခုသားတော်လေးက ဟောဒီ့က ကလေးလေးအတွက်ကြံ့ခိုင်နေမှဖြစ်တော့မှာ"
ဗိုက်လေးပေါ် လက်တင်ကာပြောလာသော မယ်မယ့်စကားကို သူနားမလည်ပါ။
"ဟင်....ဘယ်ကကလေးလဲ"
"နောက်တော့ သိရမှာပေါ့ ခုမယ်မယ့်ကလေးလေးက သက်တော်၂၀တောင်ပြည့်ပြီဆိုတော့ အရမ်းလှတဲ့၀ံပုလွေဖြူလေးဖြစ်နေပြီဘဲ ဒီနေ့အရမ်းချစ်စရာ၀ံပုလွေပေါက်လေးက နတ်ဆိုးကိုတိုက်ခိုက်နေတာ မယ်မယ်တွေ့တယ် သားငယ်လေးကဘာမှမသိသေးလို့ သူ့ဆီရှုံးနိမ့်ခဲ့တာဘဲလေ နောက်တော့ သူ့ကိုအနိုင်ရမှာပါ"
"မယ်မယ်....အင့်....ဟင့်.....ထယ့်လည်ပင်းကိုသူ ကိုက်လိုက်တယ် ထယ့်ကိုဟင့်"
သားငယ်လေးလည်ပင်းပေါ်က ကိုက်ရာသည် အပေါ်ယံသာဖြစ်တာကြောင့် ဒါဟာသူ့ရဲ့လက်တွဲဖော်အဖြစ်အမှတ်အသားလုပ်ရာ မရောက်ပေ။
"ဘာမှမဖြစ်ပါဘူး ကလေးလေးရဲ့ မယ်မယ့်ကလေးလေးက အားပျော့လိုက်တာ ဒီလိုမျက်ရည်လွယ်နေလို့မဖြစ်ဘူးလေ နန်းတွင်းဆိုတဲ့ကြောက်စရာတွေနဲ့ပြည့်နေတဲ့နေရာမှာ ပျော့ညံ့ရင် ခဏလေးနဲ့အသက်ပျောက်သွားနိုင်သလို ခြေသုတ်ခုံလဲဖြစ်သွားနိုင်တာမို့ အားတင်းထားပါသားငယ်လေး သားငယ်လေးအတွက် မယ်မယ့်အိပ်ဆောင်မှာ ဝံပုလွေတွေနဲ့ပတ်သက်တဲ့စာအုပ်လေးရှိတယ်"
YOU ARE READING
More Than Love::TK::{Completed}
Werewolfယောင်း တိုတို့ရဲ့ လည်ပင်းလေး စားလို့ရမလားဟင် ဟင် ကိုကို့လည်ပင်းကိုစားရင် သေသွားမှာပေါ့ ယောင်းရဲ့ သေဝူးလေ သေးသေးလေးဘဲ စားမှာ Unicode ::::Zawgyi ယောင်း တိုတို့ရဲ့ လည်ပင်းလေး စားလို့ရမလားဟင် ဟင် ကိုကို့လည်ပင်းကိုစားရင် သေသွားမှာပေါ့ ယောင်...