ထယ်ယောင်းလေး အိပ်ရာကမထနိုင်ဖြစ်နေချိန် ရောက်ချလာသည့် ဂျီဂျီ.....
"ထယ်ထယ် ထတောင်မထနိုင်တော့ဘူးလား အားးယားး ငါကထယ်ထယ်နဲ့ နန်းပြင်ကိုသွားမို့လုပ်ထားတာကို ဒီအကိုတော်ကတောာ့လေ ဟွန့်"
နန်းအပြင်ထွက်မယ်ဆိုတာနဲ့ လှဲနေရာမှ ချက်ချင်းထထိုင်တဲ့ထယ်ပေါက်။
"သွားမယ်လေ ဒီထဲမှာဘဲနေရတာပျင်းစရာကြီး"
"သူကထပြီး လမ်းလျှောက်နိုင်တယ်ဆိုတော့လေ"
"ထနိုင်ပါတယ် ဂျီဂျီရဲ့"
ကိုယ်ပေါ်ကစောင်ကိုဖယ်က ခြေထောက်ကို အောက်ကြမ်းခင်းပေါ်ချလိုက်တော့ ချက်ချင်းကြိမ်းတက်လာတဲ့တင်ပါးလေး။အံ့ကြိတ်ကာ မတ်တပ်ရပ်ပြီး ဂျီဂျီရှေ့မှာ လမ်းလျှောက်ပြလိုက်သည်။ခြေလှမ်းတစ်လှမ်းချမိရင် ဘယ်လောက်ခံစားရသည်ဆိုတာကိုတော့ သူသာသိသည် ဒါပင်မဲ့လဲ သူကအပြင်သွားချင်တာကို သည်းခံရမှာပေါ့။
"တွေ့လား ထယ်ထယ်လမ်းလျှောက်လို့ရပါတယ်ဆို"
"လျှောက်လို့ရတယ်ဆိုလဲ ခုသွားကြမလား အကိုတော်လဲမရှိတော့ထွက်လို့အကောင်းဆုံးဘဲ"
"အွန်း"
ထယ်ယောင်း၀တ်ရုံအပြာလေးလဲကာ မျက်နှာကိုပုဝါစလေးတစ်၀က်ဖုံးကာ ဝါးပင်တွေနဲ့ရေတံခွန်ကရေကျပုံလေးဆွဲထားတဲ့ ယပ်တောင်လေးတစ်ခုကိုဆွဲကာ အပြင်ထွက်လာလိုက်သည်။
2ယောက်သား ကုတ်ချောင်းကုတ်ချောင်းနဲ့ အပြင်ထွက်ရန်ကြံပြီး အဆောင်တစ်ခုရှေ့ရောက်တော့ အဖိုးကြီးတစ်ယောက်က ရီပြသည်။သူတို့လဲ ပြန်ရီပြလိုက်ပြီး ရှေ့ဆက်သွားရန်လုပ်တော့ အဖိုးအိုကလှမ်းခေါ်သည်။
"ဟိုကောင်လေး"
ထယ်ယောင်းလှည့်ကြည့်ပြီး သူ့ကိုခေါ်တာလားဆိုပြီး လက်ညှိုးလေးနဲ့ကိုယ့်ကိုကိုယ် ပြန်ထိုးပြလိုက်သည်။အဖိုးအိုက ခေါင်းငြိမ့်ပြတာမို့ ဂျီဂျီလက်ကိုဆွဲကာ ထိုအဘိုးအိုနားသို့......
"ဒီကအဖိုးကဘာဖြစ်လို့ခေါ်တာလဲ မသိဘူး"
ဂျီမင်းစကားကိုအဖတ်မလုပ်ကာ ထယ်ယောင်းလက်ကိုဆွဲပြီး သူ့ရင်ဘက်ထဲမှ ကြိုးအဖြူလေးကိုထုတ်ကာချည်ပေးလိုက်သည်။ပြီးနောက် ဂျီမင်းလက်တွင်လဲချည်ပေးသည်။
YOU ARE READING
More Than Love::TK::{Completed}
Werewolfယောင်း တိုတို့ရဲ့ လည်ပင်းလေး စားလို့ရမလားဟင် ဟင် ကိုကို့လည်ပင်းကိုစားရင် သေသွားမှာပေါ့ ယောင်းရဲ့ သေဝူးလေ သေးသေးလေးဘဲ စားမှာ Unicode ::::Zawgyi ယောင်း တိုတို့ရဲ့ လည်ပင်းလေး စားလို့ရမလားဟင် ဟင် ကိုကို့လည်ပင်းကိုစားရင် သေသွားမှာပေါ့ ယောင်...