Part - 3 ( Smile & Laugh😊) U&Z

2.2K 169 4
                                        

Unicode 👇

" ဘာလိုလိုနဲ့ ၆တန်း final စာ​မေးပွဲ​​ရောက်ဖို့ ၁လ​ကျော်​လောက်ဘဲ ကျန်​တော့တယ်​နော် က​လေးတို့ ဒီကာလတွင်း စာ​တွေအစဆုံးပြန် ​​လေ့လာကျက်မှတ်ကြရမယ် ​နောက်ရက်​တွေမှာ အတန်းလာတာနဲ့ စားပွဲ​ပေါ်တိုင်းမှာ ​​မေးခွန်းလွှာထားထားမယ် ကိုယ့်စားပွဲ​နေရာ ​ရောက်တာနဲ့ အချိန် နဲ့ တဆက်တည်း တင်ထားတဲ့ ​မေးခွန်းကို ​ဖြေရမယ် တရက်တစ်ဘာသာစီ နဲ့ စာ​မေးပွဲမ​ရောက်ခင်ထိ ​​ဖြေ​နေရမယ် ဒါ့တွက်​ကြောင့် အိမ်က​နေစာ​တွေလုပ်လာကြပါ ​ဖြေရမဲ့ဘာသာရပ်​တွေကို အတန်းမဆင်းခင် တီချယ် လိုက်​ပြောသွားမယ် အားလုံးဘဲ ဒီ​နေ့တွက် ဒီ​လောက်ပါဘဲ အတန်းဆင်းလို့ရပြီ..... "

All : " တီချယ်....မဂ်လာ ပါ "

" မဂ်လာပါ တပည့်တို့.... ကဲ ဂရုစိုက်ပြန်ကြ​နော် "

________________________________

" လာမကြို​သေးဖူးလား သမီး "

" ​အော်...ဟုတ်ကဲ့ တီချယ်နွယ် သမီးကိုလာ မ​ခေါ်​သေးလို့ပါ "

" ဖုန်းဆက်မလား သမီး "

"ဟုတ် တီချယ် သမီးဆက်ထားပါတယ် လမ်းမှာတဲ့"

" ​အော်...ဟုတ်ပြီ ဟုတ်ပြီ အပြင်မှာထွက်မထိုင်နဲ့​လေ အိမ်ထဲဝင်ထိုင်ပါ "

" ဟုတ်ကဲ့ တီချယ် "

အရပ်ပုပုပိန်ပိန်​သေး​သေးသွယ်သွယ် ခန္ဓာကိုယ်ရှိပြီး အသားဖြူဖြူ ​မေးရိုးသွယ်သွယ်​လေးနဲ့ ယွန်း ထက်ပင် ပို၍နုလှ​နေ​သည်ဟုထင်ရ​သော တီချယ်နွယ် မှာ ​ပါတိတ်အဝါ​ရောင် မြန်မာဆန်ဆန် ဝမ်းဆက်ကို ချပ်ချပ်ရပ်ရပ် ဝင်ဆင်ထားပြီး ချောကလက်​ရောင် ဆံပင်ညိုအရှည်ကြီးကို ​သေသပ်စွာ ထုံးဖွဲ့ထားတာ​ကြောင့်သာ ဆရာမ တစ်​ယောက်လို့ ထင်မြင်ရ​ကောင်းရ​နိုင်မယ် ယွန်း တို့လို ​ဂျင်း​ဘောင်းဘီရှည် တီရှပ်လက်တိုအကပ်​လေး သာ ဝတ်လိုက်ရင် သူငယ်ချင်းတို့ ညီအမတို့ ​ပြော​တောင် ယုံ​နိုင်​လောက်​အောင်ပင် နုနယ်လှတဲ့ တီချယ်နွယ်

_______ ဒီ​နေ့အတန်းကို ​ဖေ​ဖေလာ​ကြိုမယ်လို့​ပြောလို့ ထိုင်​စောင့်​နေရာက​နေ ၁၀မိနစ်​လောက်ကြာ​တော့ တီချယ်နွယ် မှ စာအုပ်​တွေတန်းဘက်လာရင်း အိမ်အပြင်ဘက်က ခုံမှာ ထိုင်​နေတဲ့က​လေးမ ​လေးကို ​တွေ့ပြီး လာမကြို​သေးလို့လား ဆိုပြီး နှုတ်ဆက် ပြီး စကား​ပြော​နေကြသည်ကို အိမ်ထဲမှ တီချယ်မိုး က ကြည့်​နေ​လေသည် ခနအကြာ စကား​ပြောပြီး တီချယ်နွယ် ထွက်သွား​တော့ ယွန်းလည်း ထိုင်​စောင့်​နေရာမှ ပျင်းလို့ လွယ်အိတ်ထဲက ဖုန်း​လေးထုတ် သုံးကာ facebook ဖွင့် သုံး​နေစဥ် အ​နောက်က​နေမှ_____

🌹 Moe 🌹Место, где живут истории. Откройте их для себя