Part - 5 (Surprise Case 2💥)U&Z

1.8K 152 6
                                        

Unicode👇

" !!!! ဘာ...... ဘယ်လို !!!!! "

" ဟဲ့ ယွန်း....​ဖြေး​ဖြေးတိုးတိုး ​ပြောပါဟ ဘယ်လို ဖစ်တာတုန်း ထ​အော်တယ် "

______ တီချယ်မိုး ​ပြောလိုက်တဲ့ စကားကိုကြားပြီး တခြား​ဘေးက ​ကျောင်းသူ​ကျောင်းသား​တွေမှာ ပါးစပ်​ဟောင်း​လောင်း မျက်လုံး​လေး ပြူးပြီးဘဲ ရှိ​နေပင်မဲ့ ယွန်း တစ်​ယောက်မှာ သူကိုယ်တိုင်​တောင် မသိလိုက်​အောင် အသံကျယ်ကြီး ထွက်​သွား​လေ​တော့______

ယွန်း mind : ဟာ....​သေပြီ ငါဘာလို့ ထ​အော်မိတာပါလိမ့် ဒုက္ခပါဘဲ ရှက်လိုက်တာ တီချယ်မိုး ရယ် စကားရပ်ပြီး ဘာလို့သမီးကိုကြည့်​နေတာတုန်း စကားဆက်​ပြော​လေ ​ဟော​တော် ​ကျောင်းသား​ကျောင်းသူအားလုံး မျက်လုံးက ငါ့ဆီမှာတဲ့​လား ငါဂျို​ပေါက် မ​နေဖူး​လေ ငါ့ဘာလို့ကြည့်​နေကြတာ​တုန်းဟ  ကြည့်​မ​နေကြနဲ့​လေ ရှက်လို့​သေပါပြီဟယ် ဒီမျက်နှာကြီး ဘယ်နားထားရပါလိမ့်

_______ ယွန်း ထ​အော်​ပြောလိုက်သည်ကို တီချယ်မိုး နဲ့ တခြားဆရာမများအပါဝင် ​ကျောင်းသူ​ကျောင်းသားများကပါ အံ့သြလန့်စွာ ယွန်းအား ကြည့် ​နေ​လေ​တော့ ယွန်းတစ်​ယောက်လည်း မျက်နှာကြီးကိုနီရဲတက်လာပြီး ​ခေါင်းကို ​အောက်ငုတ်စိုက် ထားကာ________

" SORRY "

______ ယွန်း မှ Sorry လို့ တိုးတိုး​လေး ​ပြောလိုက်​တော့ တီချယ်ဧကရီ မှာ တချက်ပြုံးသွား၍ ​ကျောင်းသူ​​ကျောင်းသားများရဲ့ မျက်လုံးအကြည့်ကိုယ်စီများလည်း ယွန်းစီက ​ပြောင်းလဲလိုက်ကြပြီး တီချယ်မိုး ရဲ့ ပြန်လည်ဆက်​ပြောမဲ့ စကားဆီသို့___

" မင်းတို့​တွေရဲ့ ကွယ်ရာက​ပြော​နေကြတဲ့ ဘယ်ဆရာမက ဘယ်လိုအသင်ပြ​ကောင်းတယ် ဘယ်ဆရာမကဘယ်လို အသင်ပြဆိုးတယ် ဘယ်သူကအသားမဲတယ် ဘယ်သူက အသားဖြူတယ် ဘယ်သူက​ချောတယ် ဘယ်သူကဝတယ် ဆိုတဲ့ စကား​တွေ ဘယ်ဆရာမနဲ့သင်ချင်တယ် ဘယ်ဆရာမနဲ့ မသင်ချင်ဖူး ဆိုတဲ့ စကား​တွေကို တို့​တွေ နားထဲပြန်မ​ရောက်လာဖူး ပြန်မကြားပါဖူးလို့ မင်းတို့က ထင်​နေတယ်လား "

________ ထိုကဲ့သို့ တီချယ်မိုး ရဲ့ မျက်နှာတည်တည်မာန်ပါပါ ​ပြောလိုက်တဲ့ စကား​ကြောင့် ​ကျောင်းသူ​ကျောင်းသားများကြား မျက်ခုံးကိုယ်စီကျုံ အံ့သြသူက အံ့သြပြီး "ဟဲ့...ဆရာမ​တွေကိုဘာလို့အခုလို ​ပြောရတာလည်း " " ဘယ်သူက​ပြောရက်တာလည်းဟယ်....ငါများ ဆရာမ၄​ယောက်လုံးကို ချစ်လွန်းလို့ " " ​အေးဟယ် ​ပြောရက်ပါ့ ငါတို့များအဲ့လိုစိတ်ကူး​တောင် မရှိခဲ့ဖူး " စတဲ့ တီးတိုးစကားအချို့လည်း ထွက်​ပေါ်လာပြီး __________

🌹 Moe 🌹Onde histórias criam vida. Descubra agora