Unicode 👇
" သားလက်ထဲက မဲလိပ် မှာရေးထားတဲ့ နာမည်က "
_______ ယွန်း အရမ်းရင်တွေတုန် ရင်တွေခုန်ပြီး စောင့်မျှော်နေတာနဲ့အတူ တီချယ်ဧကရီဝိုင်းမှ ကျောင်းသူကျောင်းသားများလည်း စိတ်လှုပ်ရှားစွာ စောင့်မျှော်နေတာ မျက်နှာအသီးသီးမှာပေါ်နေပင်မဲ့ ဆရာမ ၄ယောက်မှာတော့ ကိုယ်စီပြုံးကာပင် ရပ်ကြည့်နေလေတယ်။ ဆရာမတွေထဲက တစ်ယောက်သောသူကတော့ ယွန်း ကိုမျက်စိမခွာနိုင်အောင် တအံ့တသြကြည့်နေလေတယ်_______
တီချယ်မိုး mind : ဟယ်....ယွန်း ကိုကြည့်ရတာ စိတ်တွေအရမ်းလှုပ်ရှားနေတယ်ထင် လက်ချောင်းတွေကိုပွတ်နေတာ မီးစတောင်ထွက်တော့မယ် မဲလိပ်ထဲက နာမည်ကို ဒီကလေးမ ဒီလောက်တောင် စိတ်ဝင်စား နေတယ်လား
" တီချယ်မိုး "
"ဟာ......သွားပြီ လွဲပြီ "
_________ ဒီတစ်ခါလည်း ယွန်း အရင်တခါလိုအသံမကျယ်တောင် အနီးနားကပ်ရပ် နေတဲ့ သူတွေအတွက် ကျယ်စေတာမို့ ဘေးကသူတွေမှ _______
" ဟဲ့....ယွန်း ရယ် ဖြေးဖြေးလုပ်ပါဟ "
"အေးဟ....ယွန်း နင့်အသံတိုးတိုးပြောစမ်း ဘာဖြစ်လည်း သူတို့ဘက်တီချယ်မိုး ကြလည်း ငါတို့ဘက် တီချယ်ပန်းသွန်း ပေါ့ဟ ငါ့အဒေါ် ပန်းသွန်း က တီချယ်မိုး ထက်တောင် ကလေးပိုချစ်တတ် ပိုစိတ်ရှည်သေး ဟ "
__________ ယွန်း တစ်ယောက် မျက်နှာတွေနီရဲလာကာ ငိုမဲ့မဲ့လေး ဖြစ်နေပြီး စိတ်ရှုပ်နေဟန် ရှိတဲ့ ယွန်းကို ဘေးနားရပ်နေတဲ့ သီဟ နဲ့ မင်းခန့်မှာ မင်းခန့်မှ အခုလို ပြောတော့ ယွန်းလည်း ဘာမှပြန်မဖြေတော့ဘဲ ငြိမ်ငြိမ်လေးဘဲ ရပ်နေပြီး တီချယ်မိုး မျက်နှာလေးကို လှည့်ကြည့်လိုက်တော့______
"........ "
______ တီချယ်မိုး မှာ ယွန်းကို ကြည့်နေတာမို့ အကြည့်ချင်းဆုံသွားတော့ တီချယ်မိုး မှ နီနီရဲရဲ နှုတ်ခမ်းပါးပါးလေးကို ပါးဖောင်းလေး နစ်ဝင်သွားတဲ့ထိ ပြုံးပြပြီး လက်ဟန်ဖြစ် ဘယ်လို လည်း လို့ မေးလေတော့.....ယွန်း လည်း ပြန်ပြုံးပြစေကာ လက်မနဲ့လက်ညိုး လေးကို ထိစပ်လိုက်ပြီး ဘာမှမဖြစ်ဖူး အိုကေ👌 ဟုပြောလိုက်တော့ တယ်______
ВЫ ЧИТАЕТЕ
🌹 Moe 🌹
Любовные романыBased on the true story in here are some facts💫 ညီအမလိုလည်းချစ်တယ် အဒေါ်လိုလည်းချစ်တယ် ဆရာမလိုလည်းချစ်တယ် အမေလိုလည်း ချစ်တယ် တစ်ခါတစ်လေတော့ အဲ့ခံစားချက်တွေထက်လည်းပိုခဲ့တယ် ထင်တယ် [...
