Zawgyi👇
" ကဲ...ဒီပွဲလေး ပြီးရင် တီချယ်တို့ ဝိုင်းလေးသိမ်းလိုက်ကြရအောင်နော် ည၇နာရီလည်းခွဲပြီဆိုတော့လေ ခနနေရင်ဘဲ အိမ်အသီးသီးမှ လာကြိုကြတော့မယ် ကလေးတို့ရော တညနေလုံး ရီလိုက်ဆော့လိုက်ရတာပင်ပန်းရောပေါ့ ခနနားကြထိုင်ကြ စကားလေးဘာလေးပြောကြလေနော် ပြီးကြ လာကြိုရင် တီချယ်တို့ ကိုပြောပြီးမှ သွားကြနော် "
All : " ဟုတ်ကဲ့ တီချယ် "
____________ ည ၇နာရီခွဲထိ စာသင်ဝိုင်းတစ်ခုလုံးက ကျောင်းသူကျောင်းသားတွေနဲ့ ဆရာမ၄ယောက် ကစားနည်းများစွာ ကစားကြ ဆော့ကြနဲ့ ကလေးတွေကော ဆရာမတွေပါ စိတ်လန်းဆန်းပျော်ရွှင် နေကြရာမှ ပြန်ချိန် ရောက်ရှိလာခါနီးတော့ တီချယ်မိုး မှ အသီးသီး ကိုယ်စီထိုင် လာကြိုတာစောင့်ရင်း စကားပြောဖို့ ပြောလေတယ်______
"ဟဲ့.....ယွန်း မရှင်းသန့် ကနင့်ကြိုက်နေတာလားမသိဖူး "
"ဟာ...သီရိ ရာ နင်တော့ပေါက်ပမ်းလေးဆယ်တွေ ပြောတော့မယ် မဟုတ်ကဟုတ်က တီချယ်တို့ကြားသွားလည်းမကောင်းဖူးဟ အစထဲက တီချယ်ဧကရီ က စာသင်ဝိုင်းမှာ ရှုတ်ရှုတ်ရှပ်ရှပ်သံတွေကြား ရင် မလွယ်ဖူး ပြောထားတယ်ဟာ နင်ကတော့လေ တကယ်ပါ ငါ့အမှု့ မပတ်ပတ်အောင် ပြောနေလိုက် "
"မဟုတ်ပါဖူး ယွန်းရယ်....ငါကအဲ့လိုသဘောမဟုတ်ဖူးဟ နက်ဘဲစဉ်းစားကြည့်လေ စာသက်ဝိုင်းတစ်ခုလုံးမှာ ဒီလောက်မိန်းကလေးအများကြီးရှိတယ်ဟာ မရှင်းသန့် က နင့်ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ဘယ်လို ရောက်လာတာလားဟ တီချယ်ပန်းသွန်း ဝိုင်းမှာဆိုလည်း မိန်းကလေးကျောင်းက မိန်းကလေးတွေမှ တပုံကြီးရယ် အဲ့ဒါကိုမှ နင့်ဆီ "
" ကဲတော်...တော့်တော့ သီရိ ဘာမှနင်အတွေးမလွန်နဲ့ ရိုးရိုးလေးဘဲ တွေးပါဟာ ငါနဲ့ အမရှင်းသန့် နဲ့က တီချယ်မိုး ဝိုင်းက တခန်းတန်း တပည့်တွေ နောက်ပြီး ပြုံးပြရီပြရင်းနဲ့လည်း ရင်းနှီးသလိုရှိတယ် အဲ့တော့ သူလည်းသူနဲ့ရင်နှီးတဲ့ သူကို သူရွေးလိုက်တာနေမှာပေါ့ဟ "
YOU ARE READING
🌹 Moe 🌹
RomanceBased on the true story in here are some facts💫 ညီအမလိုလည်းချစ်တယ် အဒေါ်လိုလည်းချစ်တယ် ဆရာမလိုလည်းချစ်တယ် အမေလိုလည်း ချစ်တယ် တစ်ခါတစ်လေတော့ အဲ့ခံစားချက်တွေထက်လည်းပိုခဲ့တယ် ထင်တယ် [...
