Zawgyi👇
" မေမေရေ..... လက်ဆောင်ပစ္စည်းသွားဝယ်ဖြစ်ရဲ့လား ပါကင်ကောပိတ်ဖြစ်လား မေမေ "
_____ ဆုပေးပွဲမကျရောက်လာခင်တစ်ရက်အလိုစနေနေ့ နေ့လည်ခင်းအချိန်၁၂လောက်တွင်ပင် ထမင်းစားခန်းထဲ၌ အအေးခွက်လေးကိုင်ပြီး အအေးထိုင်သောက်နေတဲ့ ယွန်းရဲ့ အသံမှာ စိတ်လှုပ်ရှားနေမှုအပြည့်ဝနှင့်အတူ ပျော်ရွှင်စိုးရိမ်နေမှုတချို့တွေပါ ရောယှက်နေလေကာ ပန်းကန်တချို့အားဆေးနေလေတဲ့ သူမ အမေကိုလှမ်းအော် စကားပြောစေလေတော့ တပတ်အရင်လောက်ထဲက ကြိုပြီးအသိပေးပြောပြထားတဲ့ သမီးဖြစ်သူရဲ့ စာသင်ဝိုင်းကဆုပေးပွဲအကြောင်းအလုပ်တွေဖြင့် မေ့နေလေကာမှ ပြန်သတိရသွားစေတဲ့ အမေဖြစ်သူလည်းတချက်လေးပြုံးလိုက်လျက်________
"ဒီနေ့ မီးလေးကို မေမေလာကြိုရင်း တူတူသွားကြမယ်လေ"
"အဲ.....တွေ့လား မေမေ မေ့နေတယ်မလား "
"......... " ( အမေဖြစ်သူမှ ပြုံးဘဲပြုံးနေလျက်)
" မှန်မှန်ညာနော် မေမေ "
"ဟိုဟွာလေ....မေ့တယ်လည်းမဟုတ်ပါဖူး မီးလေးရယ်...မေမေ အပြင်မထွက်ဖြစ်သေးလို့ပါနော့် ဒီနေ့မေမေလာကြိုမယ်လေနော် ပြီးကြတူတူသွားဝယ်ကြမယ်"
"ဟုတ်ပါပြီလေ ဟုတ်ပါပြီ ဒါဆိုလည်း ဒါနဲ့မေမေ "
" ဘာဝတ်သွားရမလည်း မေးမို့မလား မီးလေး " ( ယွန်းဘာမှမပြောရသေးခင်ပင် အမေဖြစ်သူမှယွန်းပြောမဲ့စကားကို သိနေလေဟန်ဖြင့် )
"အဲ....မေမေ က ဘယ်လိုသိ " (ယွန်းမှ အံ့သြသွားစေကာ)
"အမလေး....ကျွန်မရှင့်ကိုမွေးထားတာပါနော် "
"ဟဟား...ဟုတ်ပါပြီ ပြောပါအူး မေမေရဲ့ဒါဆိုလည်း ယွန်းဘာဝတ်သွားရမလည်း "
______ ယွန်း နှင့် ယွန်းအမေ ဖြစ်သူ၂ဦး၏ ပေါင်းသင်းဆက်ဆံရေးမှာပင် အသက်၁၈နှစ်တာကွာဟသော ညီမ၂ယောက်ဆက်ဆံရေးလေးကဲ့သို့ပင် ပွင့်လင်းစွာတိုင်ပင်အကြံဥာဏ်တောင်း အကြံဥာဏ်ပေးပြောကြားဆုံးမနာခံတဲ့ ဆက်ဆံရေးလေးမို့ တစ်ခါတစ်ခါ သူငယ်ချင်းလိုပေါင်းသင်းဆက်ဆံပြောဆိုလျှင်ပင် သားအမီးချင်းဖြစ်၍ ရိုင်းပြလှသည်ဟု မထင်မှတ်ကြချေ ယွန်းအမေသည်ပင်လည်း ခေတ်နှင့်အညီနေတတ်သယောင် ရှေးဆန်စွာလည်းနေတတ်လေသည်မှာ ယွန်းအမေ(ဒေါ်မြနှင်းစက်) တစ်ယောက်ထဲပေသည်မဟုတ် ယွန်းအဖွား(ဒေါ်မွန်မွန်သျှင်) သည်ပင်လည်း ရှေ့မှီနောက်မှီ ခေတ်အဖွား တစ်ယောက်အတိုင်းပင်သည် ယွန်းအမေထက်ပင် အဖွား ဖြစ်သူမှာလည်း ယွန်းရဲ့စိတ်ကိုပိုနားလည်ပေးနိုင်သူ တစ်ယောက် ဖြစ်လေတယ်________
ВЫ ЧИТАЕТЕ
🌹 Moe 🌹
Любовные романыBased on the true story in here are some facts💫 ညီအမလိုလည်းချစ်တယ် အဒေါ်လိုလည်းချစ်တယ် ဆရာမလိုလည်းချစ်တယ် အမေလိုလည်း ချစ်တယ် တစ်ခါတစ်လေတော့ အဲ့ခံစားချက်တွေထက်လည်းပိုခဲ့တယ် ထင်တယ် [...
