Part - 33 ( Held her hand💓💓) U&Z

1.8K 179 68
                                        

Zawgyi👇

_____ယွန်းတစ်​ယောက် ပန်းသီးစိတ်ပန်းကန်ပြား​လေးအား ​နောက်​ဖေး​ဘေစင်တွင် ​ရေ​လေး​ဆေး​ပေး​​လေပြီး ​ဘေးမှ အဝတ်ဖြင့်​ရေ​ခြောက်​အောင်သုတ်​စေကာ ၄ထပ်အဆင့်ရှိတဲ့ပန်းကန်စင်​လေး​ပေါ် အစီရီတင်​ပေးခဲ့ပြီး စာသင်ခန်းရှိရာနားသို့ ပြန်​လျှောက်လာ​စေကာ တံခါး​လေးကိုကိုင်လိုက်​စေပင် အထဲမှာတစ်​ယောက်ထဲကျန်​နေ​လေသူ သူမချစ်ရတဲ့အမျိုးသမီး​လေးရဲ့ တ​ယောက်ထဲတီးတိုး​ပြော​ဆို​နေ​လေသံတစိတ်ကို ကြားသိလိုက်​ရပြီး သ​ဘောကျစွာ ပြုံးရီလိုက်လျက်________

ယွန်း mind : ၃၄ နှစ်အရွယ်အမျိုးသမီးတဲ့ရှင်..... က​လေး​လေးကြလို့ ဟီဟီး ချစ်ဖို့​ကောင်းလိုက်တာ

" ဘာ​တွေပွစိ ပွစိ တစ်​ယောက်ထဲ​ပြော​နေတာတုန်း ချယ်မိုး​လေးရဲ့ " ( ယွန်းမှ တံခါးကိုအသာ​လေးဖွင့်ဝင်သွား​စေကာ စူပုပ်ပုပ်နှင့်အမှတ်ခြစ်​နေတဲ့ မိုး ရဲ့မျက်နှာ​လေးကိုတချက်ပြုံးစိစိ​လေးဖြင်ကြည့်​စေလျက် )

"အမ်.....ဘာမှမဟုတ်ပါဖူး " ( မိုး မှပင်အနည်းငယ်လန့်သွား​စေကာဖြင့် ငြင်းဆို​လေတယ် )

"​​အော်....ဟုတ်ပါပြီ​လေ ဒါနဲ့ " ( ယွန်း သည်ပင်သူမထိုင်ခုံ​နေရာ​လေးမှာ ပြန်ထိုင်လိုက်လျက် စကားလမ်း​ကြောင်းတစ်ခုကိုအစပျိုးရန် ပြင်လျက် မိုးရဲ့ မျက်ဝန်းညိုလဲ့လဲ့တို့ကို​ တိုက်ရိုက်ကြည့်​ရဖို့ရှာ​နေလင့်ပင်)

" ............. " ( မိုး မှ ယွန်းငြိမ်လျက်ရှိသည်မို့ ယွန်းဘက်သို့လှည့်ကြည့်​စေ​တော့ မျက်ဝန်းတစုံနဲ့တိုက်ရိုက်​တွေ့ဆုံလေခိုက် )

"........... " ( ယွန်း လည်းတိတ်ဆိတ်လျက် )

"........... " ( မိုး သည်ပင်လည်းတိတ်ဆိတ်လျက် အခန်းတွင်းမျက်​တောင်ခတ်သံပင် မရှိ​နေစေ )

"ဒုတ်💓 ဒုတ်💓 ဒုတ်💓 ဒုတ်💓 " ( မည်သူမည်ဟန်မှဟုမသိ​စေ​​လေ​သော် လူသား၂​ယောက်ရဲ့ သိသိသာသာကျယ်ကျယ်​လောင်​လောင်ကြား​နေရတဲ့ ရင်ခုန်သံနှလုံးသား၂ခုထပ်တူပြု​နေ​သံ တထပ်တည်း )

                 ပြောမဲ့စကား​လုံး​တွေ ​ပျောက်ရှ​သွား​အောင်ဆွဲ​ဆောင်လိုက်တဲ့ သူမမျက်ဝန်း။ ဟန်ချက်​တွေမပျက်​အောင် အကြိမ်ကြိမ်ထိန်း​နေခဲ့တဲ့ ကျွန်မနှလုံးသားတစုံ သွားပြန်​လေပြီ ...... သွားပြန်​လေပြီ သူမ မျက်ဝန်း​အောက်မှာ ပြားပြားဝပ်​နေရာမှ အရည်​ပျော်သွား​လေပြီ ရှင်......... ဒါဟာ ဘာမှန်းမသိဘဲ ခံစားလိုက်ရတဲ့ ၃၄နှစ်တာကာလမှ ပထမဆုံးအကြိမ်ခံစားမှုတဲ့........

🌹 Moe 🌹Место, где живут истории. Откройте их для себя