Zawgyi👇
ဒီနေ့ရာသီဥတု ကို ယွန်း တော့သာယာတယ် နေလို့ကောင်းလိုက်တာလို့ ကောက်ချက်ချတော့မယ်။ ဖြူလွင့်လွင့်ပြာတိတိကောင်းကင်ပေါ်နေဝန်းကြီးကို တိမ်တွေကဖုံးကာပေးထားသည့်ပုံစံ အုံမှိုင်းမှိုင်းရောင်လေးမှာ လူငယ်ဖြစ်တယ်ဆိုပါတဲ့ ယွန်းပေါက်စ ရဲ့အကြိုက်ပုံစံအတိုင်းမို့ သူမ ပြောနေကြဆိုသလို
"ကောင်းကင်မှုံအုံ့အုံ့လေးရယ် ရေခဲစိမ်ကိုကာကိုလာ လေးတစ်ခွက်ရယ် သရဲကားကောင်းကောင်းလေးတစ်ကားရယ် နဲ့သာ ဆို အို့......တယ် နေလို့ကောင်းမဲ့ခံစားချက်ဘဲ "
ဒီအတိုင်းဆိုသလိုပေါ့ ဖြူရော်ရော်အသားရောင်လေးရယ် ပိန်ပိန်ရှည်ရှည်ခန္ဓာလေးနဲ့ ကျောလည်တိတိဆံနွယ်ရွှေအိုရောင် နဲ့ မိန်းကလေးဆန်သည်ထင်ရတဲ့နုဖတ်ဖတ် သယောင်ထင်ရ ကောင်မလေးက ခြောက်လန့်ထိတ်လန့်ဖွယ် သရဲကားမှ ကြိုက်တတ်သေးသလို အအေးဆိုလျှင်လည်းတခြားမကြိုက် ဆူးဆူးရှရှနဲ့ခါးစိမ့်စိမ့်နိုင်လှတဲ့ ကိုကာကိုလာ ကိုမှ အေးတိအေးတိရေခဲတုံးများများ နဲ့မှ ကြိုက်တတ်သေးတာလေ.....
"မေမေ ရယ်...တော်ပါပြီ အများကြီးကို ချယ်သထားသယောင် ရှိနေပြီ မေမေရဲ့ ဟိုရောက်လို့ ဘယ်သူမှက ပြင်ဆင်မလားဘဲ မေ့သမီး မီး တစ်ယောက်ထဲ အခုလိုပြင်ဆင်ချယ်သထားတာဆို မီး တော့ အရှက်ကွဲရပါဘိ နော် "
______ ယွန်း ရဲ့ ဖြူလွင့်လွင့်အခန်းထဲရှိ ကုတင်ပေါ်လေးဝယ် များစွာသော မိတ်ကပ်ချယ်သ ပစ္စည်းများစွာနှင့်အတူ အရောင်စုံလင် လှပါသော မိတ်ကပ်ပစ္စည်းများ..... ယွန်း မေမေရဲ့ အကြိုက်ဆုံးအရာတစ်ခုဖြစ်သလို သူမအပြင်တွေပွဲတွေတက်တိုင်း ထည့်တပ်ဆင်သွားလေ့ရှိတဲ့ အလှတပ်မျက်ကပ်မှန်ဘူးရောင်စုံလေးများ ထို့အတူ ယွန်း ရဲ့ မူလရွှေအိုရောင်ဆံနွယ်ခွေလေးတွေများအား သေသပ်စွာ လှိုင်းလေးတွေသဏ္ဏာန်ကောက်ပေးထားစေပြီး မျက်နှာလှလှလေးထက်ဝယ် အလှတစ်ခုအားပိုလို့သာတိုးသွားပါစေသော အမေဖြစ်သူ၏ချယ်သမှုများနှင့်အတူ မြင်တွေ့ကြပုံစံရှင်းရှင်းလေးထက် ကွဲလွဲထွက်နေစေကာ မူရင်းချစ်ဖို့ကောင်းသည်ထက် ပိုလို့သာ ချစ်စဖွယ်လှပနေပါသော ကောင်မလေး တစ်ယောက်ရဲ့ ဆူအောင့်အောင့်အသံမှာ အခန်းတစ်ခုလုံးတွင်ပင် လွင့်စင်နေလျက် ______
BẠN ĐANG ĐỌC
🌹 Moe 🌹
Lãng mạnBased on the true story in here are some facts💫 ညီအမလိုလည်းချစ်တယ် အဒေါ်လိုလည်းချစ်တယ် ဆရာမလိုလည်းချစ်တယ် အမေလိုလည်း ချစ်တယ် တစ်ခါတစ်လေတော့ အဲ့ခံစားချက်တွေထက်လည်းပိုခဲ့တယ် ထင်တယ် [...
