Part - 17 ( She was sad for me🍂) U&Z

1.4K 147 2
                                    

Zawgyi👇

ယွန်း ​လေးတစ်​ယောက် ​အောက်ထပ်သူမ စာသင်ခန်းမှ လွယ်အိတ်​လေးယူပြီး အ​ပေါ်ထပ်သူမဆရာမ အခန်းထဲတံခါး​လေး​ဖြေး​ဖြေး​လေးဖွင့်ပြီး ဝင်​လေ​တော့....အခန်းဖြူ​လေးထဲမှ ကုတင်ဖြူဖြူ​လေးထက် ဆံနွယ်​နက်​လေး​တွေ ​ဘေး​သို့ ဖျားလျားချလျက် မျက်လုံးညို​လဲ့လဲ့​လေးကို ကွယ်ဝိုက်ကာ​မှေးစက်​နေတဲ့ ယွန်းချစ်ရတဲ့ ဆရာမ​လေးကို​တွေ့​လေတယ်

ယွန်း mind : ​အော်.....ချယ်မိုး အိပ့်​နေပြီထင် အိပ့်​နေတာ​တောင်လှရက်တယ်ကွယ်....အိပ့်ပါ​စေ​လေ ငါ​အသံမထွက်ဘဲ ​နေအူးမှ

______ ယွန်းတစ်​ယောက်လည်း သူမဆရာမအိပ့်စက်​နေတာကိုအ​နှောက်ယှက် မဖြစ်​စေချင်တာ​ကြောင့် ​ကုတင်ခပ်လှမ်းလှမ်းရှိခုံ​လေးမှာ ထိုင်လျက် သမိုင်းစာ​ပိုဒ်​တွေကို စိတ်ထဲမှဖတ်ကာ ကျက်​နေလိုက်​လေပြီး နာရီအနည်းငယ်ပင်ကုန်ဆင်းသွား​လေကာ ​ကောင်းကင်ထက်လည်း ​နေရိပ်​လေး​တွေ​​စောင်းပြီး တီချယ်မိုးအခန်း ပြတင်း​ပေါက်ကိုထိုးခွင်ကြ​နေ​​သော ​နေ​​ပျောက်​လေး​တွေလည်း အနည်းမျှသာ ရှိ​တော့တဲ့ချိန် _______

" ဟွန်....... "

" ဟယ်....ချယ် နိုးပြီလားမသိဖူး " (တိုးတိုး​လေးဖြင့်)

" ချယ်မိုး......သက်သာလားဟင် "

______ ​အေးချမ်း​ပြီးတိတ်ဆိတ်​နေတဲ့ အခန်းငယ်​လေးထဲမှ တီချယ်မိုး​ ​လေး​ မှေးခနဲအိပ့်စက်​နေရာမှ နိုးထချင်စဖြင့် အသံတဲ့တဲ့​လေး ကြား​လေ​တော့ ယွန်း တစ်​ယောက် တီချယ်မိုး နား​ဖြေး​ဖြေး​လေး ထသွားကာ ကုတင်​အောက်​လေးမှ ဒူး​လေး​ထောက်လျက်ထိုင်​စေပြီး ​တီချယ်မိုး နဖူးစမှ ဆံစလှလှ​လေး​တွေကို  ယွန်းရဲ့လက်​ချောင်းဖြူဖြူကစ်ကစ်​လေး​တွေဖြင့် ဖွဖွ​လေးဖယ်​စေပြီး ​​နဖူး​လေးကို စမ်းလိုက်လျက် လေသံ​လေးဖြင့်​မေးလိုက်​လေ​တော့___

" အွန်း.... "

"ကိုယ်ပူ​တော့ကျသွားပြီး ​ချွေး​တော့မထွက်​သေးဖူး​နော် ချယ် ယွန်းacပိတ်လိုက်ပြီး ပြတင်း​ပေါက်ဖွင့်​ပေးမယ်​လေ​"

"အွန်း... "

______ ယွန်း လည်း ထိုသို့​ပြော​စေပြီး ac remote ဖြင့် off clip အားနှိပ်​စေကာ ပိတ်လိုက်​စေပြီး အခန်းတွင်းတဖက်မှနှင်းဆီပန်းလိုက်ကာ​လေး​တွေကို တဖက်တချက်စီသို့ ဆွဲပို့လိုက်​စေကာ အခန်းထဲရှိပြတင်း​ပေါက်တံခါး​လေး​တွေအားဖွင့်​စေလိုက်​တော့ ​နွေးသမျှမျှ ​လေ​လေး​တွေဝင်လာ​လေ​​တယ်_____

🌹 Moe 🌹Where stories live. Discover now