Part - 15 ( Exciting wrong Day🌸 ) U&Z

1.7K 145 8
                                        

Zawgyi👇

      ကျွန်မ အိမ်သို့ပြန်​လေရာ လမ်းမှား​လောက်အောင် ရင်​တွေခုန်​နေတယ်လို့​ပြောရင် ရှင်တို့ ယုံကြမလား မယုံဖူးဆိုလည်း ကျွန်မဘယ်လောက်စိတ်နဲ့လူနဲ့မကပ် ဖြစ်​နေလည်း ​ပြောပြရ​သေးတာ​ပေါ့ရှင်

______________________________

" ဟဲ့.... သမီး​ရေ ငါ့​မြေး မလာ​သေးဖူးလားဟဲ့ အတန်းက၅နာရီလွှတ်ဆို သူအိမ်ကို ၅နာရီ၂၀ ဆိုပြန်​ရောက်ပြီ​လေ အခု ၅နာရီခွဲ​ကျော်​လို့ ၆နာရီထိုး ​တော့မယ် မီး​လေး ပြန်လည်းမလာ​သေးဖူးကွယ် ဖုန်း​​လေးဘာ​လေးဆက်ကြည့်ပါအုံးဟ "

"အဲ အ​မေ​ပြောကာမှ ဟုတ်ပါ့ ကျွန်မလည်းအိမ်အလုပ်​တွေနဲ့ရှုပ်​နေတာနဲ့ အချိန်​တောင်သတိမထားမိဖူးအ​မေ​ရယ် ကျွန်မ ဖုန်းဆက်ကြည့်လိုက်ပါမယ် "

" ​အေ​အေ​ ဆက်​မေးအူး "

" ဟယ်လို "

📲 " ဟယ်လို ​မေ​မေ ​ပြောပါ " 📲

" ​ မီး​​လေး ၆နာရီ​တောင်ထိုး​တော့မယ် အတန်းမလွှတ်​သေးတာလားလို့ ​မေ​မေလာ​ခေါ်ရမလား "

📲" အဲ.....အတန်းလွှတ်ပြီ ​မေ​မေရဲ့ သမီးလာ​​နေပြီ​နော် စက်ဘီးနင်းလာတယ် လမ်းထိပ်​ရောက်​တော့မယ်​မေ​​မေ " 📲

"​အော်...​အေ​အေ သမီး ဂရုစိုက်နင်းအူး ဒါဆို​မေ​မေဖုန်းချလိုက်ပြီ​နော် "

📲 " ဟုတ် ဟုတ် " 📲

" ဘာတဲ့တုန်း မိမြနှင်း "

"​အော်....သမီး လာ​နေပြီ ​အ​မေရဲ့ လမ်းထိပ်​ရောက်ပြီတဲ့ စက်ဘီးနင်း​နေတာကို ​ဘေးချရပ်ပြီးဖုန်း​ပြောရ​တော့ အန္တရာယ်ဖြစ်မှာဆိုးလို့ သမီးလည်း မြန်မြန်ဖုန်းချလိုက်တာ"

"​အော်...​​အေးပါ ငါအပြင်ထွက်ရပ်​စောင့်​နေလိုက်မယ် ​မီး​လေးကို "

"ဟုတ် အ​မေ "

_______________________

ယွန်း အိမ်ပြန်​နောက်ကျ​နေရတဲ့အ​ကြောင်းရင်း......

" ငါနဲ့လည်း​နော် နှစ်ချို့​နေပြီ ဒီလမ်း​၂လမ်းကို စက်ဘီးနင်း​နေတာ ဒါ​တောင် လမ်းမှားဝင်ရတယ်လို့ကွာ အဲ့လို စိတ်နဲ့ကိုယ်နဲ့ ကပ်​နေတယ်လား ဟဟား...တကယ်ပါဘဲ​နော် ငါ​လေးလည်း "

🌹 Moe 🌹Место, где живут истории. Откройте их для себя