Zawgyi👇
" ချယ်မိုး.... ညက အဖျားပြန်တက်တယ်ဆို "
_____ ယွန်း တစ်ယောက် ချယ်မိုး လေးရဲ့ ကုတင်ပေါ်လေးမှာ ထိုင်နေရင်း စကားပြောနေစေကာမှ တီချယ်ဧကရီ ပြောတဲ့ တီချယ်မိုး ညကအဖျားတက်တယ် ပြောတာကို သတိရသွားကာမေးလိုက်လေတယ်______
"အွန်း ဟုတ်တယ် ယွန်း နဲ့စကား ပြောပြီး တီချယ် အခန်းထဲ ဖုန်းခနသုံးရင်း အိပ့်ချင်လာတော့ ခနမှေးနေတာ..... မဧကရီ က ချယ့်ဆီလာတာလေ အဲ့မှာ အဖျားကတက်နေတာ တီချယ် ဧကရီ လည်း ac လေးလျော့ပြီး ချယ့်ကို စောင်ခြုံပေးပြီးထွက်သွားတာ တော့သိလိုက်တယ် ဒါမဲ့ မျက်လုံးမဖွင့်နိုင်တာနဲ့ မှေးနေလိုက်တာ "
" အော် ချယ်မိုး ရယ်.... " ( ယွန်းမှ မျက်ဝန်းထက်တွင်သနား ဂရုဏာပေါ်လွင်နေကာ အသံမှာပင် ခြောက်သွေ့နေလျက်)
" သက်သာနေပါပြီကလေးရဲ့.....ဒါနဲ့ ဘယ်ချိန်ပြန်ရမှာလည်းဟင် အော်...ဒီလိုမေးတာ စိတ်မဆိုးနဲ့နော်ယွန်း ယွန်းက သင်တန်းကတန်းလာတာဆိုတော့ အိမ်ကစိတ်ပူနေမှာဆိုးလို့ပါ "
" အော်....ရတယ် ချယ်မိုးရဲ့ ယွန်း မေမေ့ကိုပြောပြီးဘဲလာတာ နောက်ပြီး အတန်းလွှတ်ချိန်၅နာရီလောက် မေမေက အပြင်ထွက်စရာရှိတာမို့ လာဝင်ခေါ်မှာတဲ့ ချယ့်နား နေရင်းစောင့်နေရုံဘဲ "
" ချယ့်အနား နေရင်း ? " ( မိုး တစ်ယောက်အံ့သြသဘောကျစွာမေးလျက်)
" အွန်းလေ....ချယ်ကနေမကောင်းတော့ ချယ့်ဘေးနား နေပေးမယ်လေ ချယ်လိုတာပြော ယွန်းကူမယ်လေနော် "
"အော်.....ကလေးရယ်... ရပါတယ် "
"ဟီဟီး.....ဒါနဲ့ ခေါင်းကိုက်နေသေးလားဟင် ဒီစာအုပ်တွေကို အမှတ်ခြစ်နေပြန်ပြီလား ချယ်ရဲ့ ယွန်း ဘာကူပေးရမလည်း "( ယွန်းတစ်ယောက် ချယ်မိုး ဘေးမှ ခြစ်လက်စ စာအုပ်တွေကိုမြင်ကာ မေးလိုက်လေတယ်)
" မကိုက်ပါဖူး ကလေးရယ်...ဒါလေး နည်းနည်းလေးဘဲကျန်တော့တာပါ အမှတ်ခြစ်ဖို့က "
" အင်းပါ...."
" ဒါနဲ့ ညက စာလုပ်ဖြစ်သေးလား "
ВЫ ЧИТАЕТЕ
🌹 Moe 🌹
Любовные романыBased on the true story in here are some facts💫 ညီအမလိုလည်းချစ်တယ် အဒေါ်လိုလည်းချစ်တယ် ဆရာမလိုလည်းချစ်တယ် အမေလိုလည်း ချစ်တယ် တစ်ခါတစ်လေတော့ အဲ့ခံစားချက်တွေထက်လည်းပိုခဲ့တယ် ထင်တယ် [...
