Zawgyi👇
" ဝမ်းကွဲ အကို ? "
📲အင်းလေ....ဘာဖြစ်လို့လည်း📲
"အဲ....ဘာ ဘာမှမဖြစ်ပါဖူး " ( ချက်ချင်းပြုံးသွားလျက် )
📲 အွန်း.....ဒါဆို ဒါဘဲလေနော် 📲
ယွန်းmind : " ဝမ်းကွဲအကိုနဲ့တဲ့ ညနေကလူကြီးများလား အဲ့လူကပြောတော့ပြောသား မိုးကိုအချိန်ပေးမယ်ဆိုပြီးလေ အဲ့တော့ အဲ့လူကြီးက ချယ့်ဝမ်းကွဲအကိုများလား ငါ ငါမေးလိုက်ရင် ကောင်းမလား....ငါဘာလုပ်ရင်ကောင်းမလည်း"
"အ....ဟွာလေ ..ခန....ခန " ( တစ်ခုခုကို ပြောချင်ရဲ့ထိန်းနေသလို)
📲အွန်း.....ပြောလေ 📲 ( မိုး တစ်ယောက်ဖုန်းချမလိုလုပ်ပြီးခါမှ ယွန်း အသံကြားနေသေးတာကြောင့်)
" ဟွာ....ဟွာလေ ..ယွန်း ပြော မို့က " ( ထစ်ထစ်ကော့ငေါ့ဖြင့်)
📲ကဲ........မိယွန်း ညည်းကျွန်မကို ဘာပြောချင်နေတာလည်း သေချာရှင်းရှင်းလင်းလင်းပြောစမ်း ဘာလည်း ထစ်ထစ်ငေါ့ငေါ့ နဲ့ 📲 ( အနည်းငယ်စိတ်မရှည်တော့သောလေသံဖြင့် မျက်ခုံးလေးတွေ တွန့်ချိုးလိုက်လျက်)
" အာ....ဟိုဟွာလေ ချယ့်အကိုဝမ်းကွဲဆိုတာ ညနေက ဦးလေးကြီး လား ဟင်? " ( အသံလေးတိုးသွားလျက် အားနာမဝံ့ရဲစွာဖြင့်)
📲 အော်.....ဘာများလည်းလို့ ယွန်းရယ်... အင်းလေ ဟုတ်တယ် သူပေါ့လို့ ချယ်မှာ အကိုဆိုလို့သူတစ်ယောက်ဘဲရှိတာ သူ့နာမည်က ဦးမျိုးမြတ်ကျော် တဲ့ ချယ့်အမေရဲ့မောင်က မွေးတဲ့သား ချယ့်ထက်၁၀နှစ်ကြီးတယ် သူက ငယ်ငယ်ထဲက အဖေမရှိတော့လို့ ချယ်တို့အဖေသူ့ဦးလေးကိုဘဲ အဖေလို့သတ်မှတ်ပြီး ငယ်ငယ်ထဲက ချယ်တို့တွေနဲ့နေလာတာ ချယ်ဆို သူ့လက်ပေါ်မှာကြီးတယ်လို့ကိုပြောလို့ရတယ် 📲
"အော်...... " ( အံ့သြပျော်ရွှင်သွားစွာဖြင့်)
📲 သူ့အမေဆုံးသွားတော့ သူလည်းစင်ကာပူထွက်သွားတယ်လေ အဲ့မှာအလုပ်လုပ်ပြီးနေတယ် အခုလို ၆လတခါလောက်မှ မြန်မာပြည်ပြန်လာတယ် အခုလည်း ချယ်နဲ့ သူနဲ့ မကလျာ တို့နဲ့ လုပ်စရာအလုပ်လေးရှိလို့ သူခနခွင့်ယူပြီး ပြန်လာတာ ချယ့်မွေးနေ့ပြီးရင် ပြန်လိမ့်မယ်📲 ( မိုး မှ ယွန်း အား သေချာ ဂဃနဏ ရှင်းပြလေတယ်)
YOU ARE READING
🌹 Moe 🌹
RomanceBased on the true story in here are some facts💫 ညီအမလိုလည်းချစ်တယ် အဒေါ်လိုလည်းချစ်တယ် ဆရာမလိုလည်းချစ်တယ် အမေလိုလည်း ချစ်တယ် တစ်ခါတစ်လေတော့ အဲ့ခံစားချက်တွေထက်လည်းပိုခဲ့တယ် ထင်တယ် [...
