Zawgyi👇
" ဟုတ် တီချယ် မဂ်လာပါ "
_____ ကျွန်းသစ်တံခါးကြီးရဲ့တဖက်ကနေ ထွက်ပေါ်လာတဲ့ အနီရောင်ရဲရဲ အသားဖြူဖြူပိန်ပိန်ရှည်ရှည်နဲ့ကလေးမလေးကို အိမ်ရှေ့ မိတ္တူစက်မှာ မေးခွန်းစာရွက်တွေမိတ္တူကူးနေတဲ့ တီချယ်ဧကရီ မှ မြင်သွားလေပြီး အလွန်သဘောကျနှစ်သက်ပါလေသော မျက်ဝန်းတချို့နှင့်အတူ နီညိုရောင်လေးသွင်းထားတဲ့ နှုတ်ခမ်းဖူးလေးကိုပါ ကွေးဆက်လိုက်ပြီး ပြုံးလျက်ကြည့်နေတဲ့ တီချယ်ဧကရီ ရဲ့ပုံစံလေးမှာပင်တမျိုးလေးပင်အလွန်ချစ်စဖွယ်ကောင်းလှသည်မှာ ညီမဖြစ်သူ မိုး လိုပင်ရှိနေလေတော့တယ်____
" မဂ်လာပါ ကလေး.....တယ်ကိုလှနေပါရောလားသမီး အပြင်ကနေတန်းလာတာလား " ( တီချယ်ဧကရီ မှ နှုတ်ဆက်လိုက်လျက် )
" အဲ....ဟွာလေ အပြင်ကနေပြန်လာတာတော့မဟုတ်ပါဖူး ချယ်ရဲ့...အတန်းဆင်းရင် ဒီကနေ တန်းသွားရမှာမို့ပါ " ( ယွန်း မှာအနည်းငယ်ပင်ရှက်ကာ အားနာနေဟန်ခေါင်းလေးငုံလျက်ဖြင့် )
"အော်....ဟုတ်ပါပြီရှင် ကောင်းပါပြီ ကဲကဲ သွားသွား စာသင်ခန်းထဲ အချိန်နည်းနည်းစောသေးပင်မဲ့ အခန်းထဲမယ် သမီးဆရာမ ရှိတယ် "
"ဟုတ်ဟုတ် တီချယ် " ( ယွန်း လည်းခေါင်းလေးငုံကာဖြင့် ခါးလေးကိုင်းလျက်ဘေးလေးမှ ထွက်သွားလေတော့တယ်)
တီချယ်ဧကရီ : " ကလေးမလေးက ချစ်စရာလေးကွယ် ချောလာလိုက်တာဆိုတာလေ..... "
_____ ယွန်း လည်းမည်သည်ကိုပင်မသိစေပင်မဲ့ သူမပုံစံသူမ အနည်းငယ်သဘောကျစိတ်ဖြစ်ပေါ်လာလေသောကြောင့် သူမကိုသူမတချက်ငုတ်ကြည့်ပြီး ထမည်စလေးတွေကိုပင်သပ်ရပ်စွာလက်လေးဖြင့်ပြင်လိုက်လေစေပြီး လွယ်အိတ်လေးကိုပင်သေချာလွယ်လိုက်စေကာ မျက်နှာထက်အပြုံးရိပ်လေး အနည်းကျင်းထည့်သွင်းလိုက်လျက် စာသင်ခန်းတံခါးလေးတွန်းဖွင့်လိုက်လေစေတယ် ______
" မဂ်လာပါ ချယ်မိုး " ( ယွန်း မှ သူမဝင်လာတာကိုသတိမပြုမိဘဲ စားပွဲခုံအောက်မှ စာအုပ်တွေကိုရှင်းနေတဲ့ ချယ်မိုး လေးကို တံခါးပိတ်ပြီးလို့တဖက်လှည့်စဉ်ပင် နှုတ်ဆက်လိုက်လေတယ် )
KAMU SEDANG MEMBACA
🌹 Moe 🌹
RomansaBased on the true story in here are some facts💫 ညီအမလိုလည်းချစ်တယ် အဒေါ်လိုလည်းချစ်တယ် ဆရာမလိုလည်းချစ်တယ် အမေလိုလည်း ချစ်တယ် တစ်ခါတစ်လေတော့ အဲ့ခံစားချက်တွေထက်လည်းပိုခဲ့တယ် ထင်တယ် [...
