Unicode👇
" မီးလေး ဒီနေ့ စာသင်ဝိုင်းသွား ဖို့ အဆင်ပြေရဲ့လား အပြင်မှာ မိုးတွေအရမ်းရွာနေတယ် ရေတွေတောင်ကြီးလို့ကွယ် "
" ယွန်း စာသင်မပျက်ချင်ဖူး မေမေ ရပါတယ် မိုးနည်းနည်းစဲရင် သွားလိုက်မယ်လေ "
"ဒီနေ့ ဖေဖေလိုက်ပို့မလို့ပါကွာ ဒါမဲ့အိမ်ကကားက ဝပ်ရှော့ရပ် ထားရတယ်ကွာ .... ဒါမဲ့ မီးလေး ကိုဖေဖေ ကားငှားပြီးလိုက်ပို့မယ်လေနော် "
"ကားငှားစရာမလိုပါဖူး ဖေဖေရယ် ယွန်းတို့ စာသင်ဝိုင်းက အနောက်၂လမ်းကျော်လေးဟာ နေ့တိုင်းလည်း လမ်းလျှောက်သွားနေကြလေ မိုးနည်းနည်းစဲရင် လမ်းလျှောက်သွားလိုက်ပါမယ် နောက်ပြီး စာသင်ဝိုင်းလမ်းထဲမှာ ကားရပ်ဖို့နေရာအခက်ခဲလည်း ရှိတယ် ဖေဖေရဲ့ "
"အော် ....ဒါဆိုလည်း ဖေဖေထီးလိုက်မိုးပေးမယ်လေနော် မီးလေး "
"ကောင်းပြီ ဖေဖေ! မိုးလည်းနည်းနည်းစဲလာပြီဆိုတော့ သွားကြရအောင်ဖေဖေ "
" ဟုတ်ပြီ သမီး ပေးဖေ့ဖေ့ကို လွယ်အိတ်နဲ့စာရွက်ဖိုင် ဖေဖေကိုင်ပေးမယ် သမီးထီးတစ်လက်စောင်းဖေဖေ ဒီတစ်လက်စောင်းလိုက်မယ် ဂရုစိုက်နင်းနော် သမီး "
" ဟုတ် ဟုတ် "
_________________________________
" ဟယ်.........သမီး! ဘယ်လိုဖြစ်တာလည်း ယွန်းလေးရယ်....တစ်ကိုယ်လုံးလည်း ကြွက်စုတ်လေးကြနေတာဘဲ စိုရွှဲနေတာ မိုးရေထဲထီးမပါဘဲလာတာလားသမီး ! "
" မ...မဟုတ်...ဟက်ချိုး ! "
" နှာတွေပါချေနေပြီကွာ....လာ ဝင်ခဲ့ ဝင်ခဲ့ ဒီဘက်ကို"
" မဟုတ်ဖူး...တီချယ် သမီးဖေဖေလိုက်ပို့တာပါ လာတုန်းက မိုးစဲတယ် အဲ့ကြောင့်ထွက်လာခဲ့တာ လမ်းရောက်မှ မိုးအတေထပ်ချတာ အဲ့ဒါနဲ့ ဘောင်းဘီအောက်ဖျားတွေအကုန်စိုကုန်တာ ဖေဖေကပြန်လဲမလားမေးပင်မဲ့ အချိန်လည်းနောက်ကျနေပြီ ထပ်လည်းအိမ်ပြန်မလဲချင်တော့လို့လေ အဲ့ဒါနဲ့...ဟက်ချိုး ! "
YOU ARE READING
🌹 Moe 🌹
RomanceBased on the true story in here are some facts💫 ညီအမလိုလည်းချစ်တယ် အဒေါ်လိုလည်းချစ်တယ် ဆရာမလိုလည်းချစ်တယ် အမေလိုလည်း ချစ်တယ် တစ်ခါတစ်လေတော့ အဲ့ခံစားချက်တွေထက်လည်းပိုခဲ့တယ် ထင်တယ် [...