Zawgyi👇
" ရှင်...... " ( တိတ်ဆိတ်နေချိန် အမှတ်မထင်မေးလိုက်တဲ့လအဒေါ်ဖြစ်သူရဲ့စကားကြား၍ အံ့သြထိတ်လန့်သွားစေကာ)
" သမီး တီချယ်ကို သမီးအရမ်းချစ်တာဘဲလား....လို့လေ အော် ...ဟိုမှာ အစားသောက်တွေလာပြီ " ( တီလေးမှ ယွန်း သူမဘက်လှည့်လိုက်တာအံ့သြသွားသလိုရှိတာကြောင့်ပြန်ဖြေရင်း အရှေ့သို့အစားသောက်ဗန်းများနှင့် ရောက်လာနေတဲ့ စားပွဲထိုးလေးကို မြင်ကာ)
"........... " ( ယွန်း တိတ်ဆိတ်နေလျက် )
" စားနော် မီးလေး..... " ( ရှေ့ရောက်လာတဲ့ အစားသောက်ပန်းကန်တွေကို ယွန်းအရှေ့ချပေးကာ ပြောလေတယ်)
"ဟုတ် ....... ဟုတ်ကဲ့ တီလေး တီလေးလည်း စားနော် "
" ဟုတ်ကဲ့ပါရှင့် " ( တီလေးမှ ပြုံးလျက်)
______ ဒီလိုနဲ့ ယွန်း တို့တူဝရီး၂ယောက် တညနေလုံးပျော်ရွှင်လည်ပတ်စားသောက်ကြလေပြီး နေ့တနေ့ရဲ့ကောင်းကင်ကြီး အမှောင်စပြုချိန်မှ အိမ်ပြန်ရောက်လာကာစေကာ ပင်ပန်းမှုများနဲ့အတူ ညတာလေးတစ်ခုကို ကုန်ဆုံးသွားခဲ့ပင်မဲ့ ထိုနေ့က ယွန်း ရဲ့ တီလေး ယွန်းကိုမေးခဲ့တဲ့မေးခွန်းကိုတော့ ယွန်း မဖြေခဲ့လိုက်ရပေ _________
ကျွန်မ သူမကိုချစ်တယ်ဆိုတဲ့ အချစ်ဟာ ဘယ်လိုပုံစံချစ်ခြင်းမေတ္တာမျိုးလည်း ကျွန်မမသိပင်မဲ့ ကျွန်မသိတာကတော့ " ကျွန်မ တီချယ်မိုး ကိုချစ်တယ် " ဒါပင်မဲ့ သူမကိုသိပ်ချစ်တာဘဲလားလို့မေးတဲ့မေးခွန်းကို ကျွန်မဖြေဖို့ဘာလို့တွန့်ဆုတ်ခဲ့လည်း ကျွန်မကိုကျွန်မတောင် မသိပါဖူး.....
ဒီလိုနဲ့ နေ့သစ်လေးတွေအနည်းငယ်ကုန်ဆုံးသွားပြီး မိုး မွေးနေ့သို့ မရောက်ခင် ၁ရက်အလို.......
" ဟဲ့ .......သီရိ တဘက်ခါချယ်မိုး မွေးနေ့နော် " ( ကျောင်းစာသင်ခန်းတွင်း ယွန်း မှ သီရိနားလေးသွားကာ ပုခုံးလေးပုတ်လျက် ပြောလိုက်လေတယ်)
"အေ...ဟုတ်တယ် ငါမမေ့ဖူး အဲ့ဒါဘဲ ငါနင့်ကိုလာပြောမို့"
" ဘာတုန်း ဟ "
YOU ARE READING
🌹 Moe 🌹
RomanceBased on the true story in here are some facts💫 ညီအမလိုလည်းချစ်တယ် အဒေါ်လိုလည်းချစ်တယ် ဆရာမလိုလည်းချစ်တယ် အမေလိုလည်း ချစ်တယ် တစ်ခါတစ်လေတော့ အဲ့ခံစားချက်တွေထက်လည်းပိုခဲ့တယ် ထင်တယ် [...