Part - 4 (Surprise Case 1💥) U&Z

2K 154 7
                                        

Unicode👇

" ဒီ​နေ့​တော့ တကယ် ငါဒုက္ခ​ရောက်မဲ့​နေ့ဘဲ ​ဟေ့ စိတ်ညစ်လိုက်တာကွာ အချိန်လည်း မရှိ​တော့ဖူးဟာ ငါငိုချင်လာပြီ​နော်...... ငါ့မှာ ဒီဘာသာကျက်ဖို့သတိမရ​လောက်​အောင်ကို ငါ့ဦး​နှောက်က မ​ကောင်းရတယ်လား ဟာ.....ငါစိတ်ညစ်ပါတယ် "

__________ ယွန်းကို တီချယ်မိုးက အိမ်စာ ၃ဘာသာ ​ပေးလိုက်တယ် သမိုင်းကျက်ရမဲ့တခန်းရယ် အဂ်လိပ် grammar ရယ် ပထဝီ တမျက်နှာရယ် ​ပေးလိုက်တာကို ယွန်း ကမူ ပထဝီ နဲ့ အဂ်လိပ် ဘဲ အိမ်စာ ​ပေးလိုက်တယ် ဟုထင်ကာ ညထဲက ပင်အပိုင်ရပြီး လုပ်ပြီးသွားလို့ ​ပျော်​နေကာ အိမ်ကို ​ရောက်လာတဲ့ ​မောင်နှမဝမ်းကွဲ​တွေနဲ့ပင် တ​နေကုန် အပြင်​လျှောက်လည်​နေ​လေပြီး တီချယ့်အတန်း သွားရမဲ့ အချိန် ၁နာရီခွဲ​လောက်အလို မှာဘဲ အိမ်ပြန်​​ရောက်လာ​တော့တယ် အိမ်ပြန်​ရောက်လာပြီ ​ရေချိုးကာ လွယ်အိတ်ဖွင့်​ပြီး ညကအိမ်စာ​တွေတချက်ကြည့်မယ် ဆို​တော့မှ သမိုင်းဖတ်စာအုပ် ကြားထဲမှာ သူမ​ခေါက်ထားတဲ့စာရွက်​လေးမြင်ပြီး သမိုင်း တခန်း ကျက်ခိုင်းလာတာကို အလန့်တကြား သတိရသွား​စေပြီး _________

" ​သေပါပြီယွန်းရာ....နင်​တော့ မ​နေ့ကမှ တီချယ်မိုး က သူ့ကို​ပြုံး​နေ​ပျော်​နေ​စေချင်ရင် စာကြိုးစားပါ စာပိုလုပ်ပါ ​ဖေ့​ဖေကို​တောင် စာမလုပ်ရင် သူမကို လာတိုင်ပါလို့ ​ပြောထားတာကို နင်က အတန်းသွားဖို့ နာရီဝက်အလိုမှာ သမိုင်းတခန်းလုံးကို မကျက်ရ​သေးဖူးတဲ့​ဟေ့.......နင် လဲသာ​သေလိုက်ပါ​တော့ ​သေချာပါတယ် မိယွန်းရယ် နင့်ကိုဒီ​နေ့ တီချယ်မိုး စာ​မေးရင် တီချယ်မိုးနင့်ကို တကယ်စိတ်တို​တော့မှာ လုံးဝ ​​သေချာတယ် နင့်ကို စိတ်ဆိုးမှာဘဲ စိတ်ညစ်တယ်​နော်.....ငါမ​ကောင်းတာ ငါ့ဦး​နှောက် မှတ်ဥာဏ်​တွေထိုင်းမှိုင်း​နေတာ ငါ့​ပေါ့ဆမှုဘဲ ငါဘယ်လိုလုပ်ရမလည်း ငါမှီသ​​လောက်​တော့ကျက်သွားမယ်ကွာ"

________ ယွန်း သူမအခန်းထဲမှာ တစ်​ယောက်ထဲ စိတ်ညစ်ပြီး သူမကိုယ်သူမ အပြစ်တင်​ပြောဆို​နေ​လေပြီး စာထိုင်ကျက်​နေ​လေတယ် ________

" သမီး​ရေ......မီး​လေး​ရေ...... မဆင်းလာ​သေးဖူးလား အတန်းသွားတက်ရမယ်မလား ဘာလည်း ဒီ​နေ့အတန်း ပိတ်တာလား သမီး "

🌹 Moe 🌹Where stories live. Discover now