Zawgyi👇
" ဟဲ့.....ဘာလို့ ဒီလောက်လန့်သွားရတာလည်း သီရိ ရဲ့နင်ကလည်း "
"အေ ငါလန့်တယ်ဆိုတာက နင် surprise လုပ်မယ်ဆိုတာကိုဟ "
"အေးလေ အဲ့ဒါဘာလန့်စရာရှိလည်း "
"ငါ နင်စပရိုက်တိုက်မယ်ပြောရင် သိပ်ကြောက်လို့ပါဟယ် ငါ့ကို ၅တန်းနှစ်က အခန်းထဲမှာ ပင့်ကူ နဲ့ ငါ့မွေးနေ့မှာ surprise တွေတိုက်တာလေ "
"အော်...ဘာများလည်းလို့ ဟဟားဟားဟား ..... "
_________ ယွန်း မှ တီချယ်မိုး ကို သူမမွေးနေ့တွင် surprise လုပ်ပေးမယ်ဆိုတာကို သီရီ တစ်ယောက်သိသွားလေပြီး အလယ်တန်း၅တန်းနှစ်က ကျောင်းစာသင်ခန်းထဲတွင် သီရိမွေးနေ့လုပ်ကာ မုန့်တွေစားကြရာ ယွန်းမှ မွေးနေ့ရှင်သူငယ်ချင်းသီရိကို လက်ဆောင် လေးသွားပေးရန် သီရိထိုင်နေလေရာအရှေ့တန်းသို့ သွားစဉ် စားပွဲခုံပေါ်မှာ ပင့်ကူလေး တစ်ကောင်တွေ့တာကို စနောက်စေချင်ယုံဖြင့် ဖြေးဖြေးလေး ကိုင်လျက်လက်ဆောင်ဘူးပေါ်တင်စေပြီး သီရိရှေ့သို့သွားစေကာ ပေးစေတော့ လက်ဆောင်ဘူးပေါ်မှ ပင့်ကူ ကို သီရိတစ်ယောက်မြင်သွားကာ ထအော်လေပြီး လန့်ကာငိုတဲ့ထိပါဖြစ်စေသွားတာကြောင့် အတန်းပိုင်ဆရာမ မှ ယွန်းလက်ဖဝါးအား ကြိမ်လုံးဖြင့် တဖက်တချက်စီ ရိုက်စေပြီးဆုံးမစေကာ သူငယ်ချင်း ၂ယောက်အား လက်ဆွဲနှုတ်ဆက်စေလိုက်တော့ကာမှ ပြန်လည်အဆင်ပြေသွားကြတဲ့ အဖြစ်ကို သီရိတစ်ယောက်ပြန်သတိရလာပြီး တီချယ်မိုး ကို မွေးနေ့မှာ surprise လုပ်မယ်ဆိုတဲ့ကိစ္စကို လန့်သွားခြင်းပင် ဖြစ်လေတယ် ________
"အေအေ ရီနေလိုက် အဲ့တုန်းက ငါ့မှာဖြင့် ငါ့ဘဝမှာအကြောက်ဆုံး သတ္တဝါကို မြင်ပြီး လန့်ပြီးငိုပါငိုရတယ်လေ "
" ဟဟားဟား....နင်ပြောမှ ငါသတိတောင်ပြန်ရသွားပြီ အဲ့တုန်းက ငါလည်း ရိုက်ခံလိုက်ရပါတယ်ကွာ နောက်ပြီး အရိုးသားဆုံး ငါဝန်ခံရဆို နင်ပင့်ကူကိုအခုလောက်ထိကြောက်တတ်မှန်းငါတကယ် မသိတာဟေ့ သိမဲ့သိငါမနောက်ဖူးဟ နင့်ကိုနောက်ပြီးခါမှ နင့်အကြောက်ဆုံးအကောင်က ပင့်ကူဆိုတာငါသိတာဟ ငါကအဲ့တုန်းက ဘေးနံရံကနေ ဆင်းလာပြီးစားပွဲပေါ်သွားနေတဲ့ပင့်ကူကို မြင်ပြီး နင့်ပြုံးနောက်ချင်ရုံလောက်နဲ့ မျက်ခွက်ပြောင်လိုက်တာလေ ဟီဟီး....၂ချက် စော်ခံလိုက်ရတယ် "
YOU ARE READING
🌹 Moe 🌹
RomanceBased on the true story in here are some facts💫 ညီအမလိုလည်းချစ်တယ် အဒေါ်လိုလည်းချစ်တယ် ဆရာမလိုလည်းချစ်တယ် အမေလိုလည်း ချစ်တယ် တစ်ခါတစ်လေတော့ အဲ့ခံစားချက်တွေထက်လည်းပိုခဲ့တယ် ထင်တယ် [...