Zawgyi👇
ကြည်နူးမှုလေးတွေနဲ့ အမှောင်ထုလွှမ်းမိုးခဲ့တဲ့ ပျော်စရာ ညတာလေးကို ကျော်လွှားခဲ့ပြီး နေမင်းလေးလည်း ပျော်ရွှင်စွာ ထွက်ပေါ်လာလေတော့တဲ့ခါ_____
" မေမေ ဒီနေ့ ယွန်း ၁နာရီခွဲသင်တန်းသွားရမှာနော် "
_____ ယွန်းတစ်ယောက် သူမအခန်းအပေါ်ထက်မှ အောက်ထပ်သို့ဆင်းလာရာ လှေကားထက်မှာပင် အောက်ထပ်မီးဖိုချောင်တွင် ဟင်းချက်နေသော သူမအမေအား ဒီနေ့ အဂ်လိပ်စာသင်တန်း သွားရမဲ့အကြောင်းအော်ပြောလိုက်လေတော့____
" အော် ဟုတ်တယ် အခုတောင်၁၂ခွဲနေပြီ လာ သမီး ထမင်းစားသွားလိုက် "
"ရပါတယ်မေမေ ရဲ့ မီး ဗိုက်မဆာသေးဖူး နောက်ပြီးလေ သင်တန်းက ၃နာရီပြန်လွှတ်ရင်လေ မေမေလာမခေါ်နဲ့တော့ ယွန်း တီချယ်မိုး ဆီခနဝင်မလို့လေ တီချယ်မိုးက နေသိပ်မကောင်းသေးဖူး မနေ့ညကဆိုလည်း တီချယ့်ဘေးနား အဖော်ရယ်လို့တောင် မရှိဖူးလေ အားလုံးက ကိုယ်စီ အလုပ်နဲ့ဆိုတော့ တီချယ်ကတစ်ယောက်ထဲ နေမကောင်းနေတာကိုကိုယ်တိုင် မုန့်စား ဆေးသောက်ရနဲ့လေ အဲ့ဒါကြောင့် ယွန်း ညနေကြရင် တီချယ့်ဆီ ခနဝင်နေပြီး ပုံမှန်ချိန် ၅နာရီလောက် မီးလေး ပြန်လာမယ်လေနော်မေမေ သွားလို့ရမလားဟင်"
______ ယွန်း တစ်ယောက် သူမ ချစ်ရတဲ့ဆရာမလေး နေမကောင်းနေတာကြောင့်သူမ ခနဖြစ်ဖြစ် သွားပြုစုချင်တာကြောင့် သူမမေမေဆီမှ ခွင့်ပြုချက်တောင်းပြောဆိုလေတော့ _____
" ရပါတယ် သမီးရဲ့....သွားပါ မမိုး က မသက်သာသေးဖူးလား ဒီချိန်ဖျားတာက မကောင်းဖူးသမီးရဲ့ တုပ်ကွေးတာဆို ဆေးခန်းပြဖို့ပြောနော် သမီး...မေမေလည်း မေးတယ်ပြောပါ နောက်ပြီး မေမေ မုန့်ဖိုးပေးလိုက်မယ် သမီးဆရာမ အတွက်ကော အားလုံးတွက်ကော တခုခု ဝယ်သွားလေနော် ပြီးတော့ သင်တန်းလွှတ်ရင် မေမေ့ကိုဖုန်းဆက်လိုက် လွှတ်ပြီဆိုတာ သမီးဆရာမအိမ်သွားပြီဆိုတာကိုလေ နော် နောက်ပြီး သမီးဆရာမအိမ်က ပြန်ရင် မေမေ့ကိုတချက်ဖုန်းခေါ်လိုက် မေမေညနေဘက် ဖွားဖွားတွက်ဆေးရယ် လိုအပ်တာလေးတွေ ဝယ်ဖို့အပြင်ထွက်စရာရှိတော့လေ သမီးကိုပါ ဝင်ခေါ်ရင်ခေါ်မှာမို့ "
ESTÁS LEYENDO
🌹 Moe 🌹
RomanceBased on the true story in here are some facts💫 ညီအမလိုလည်းချစ်တယ် အဒေါ်လိုလည်းချစ်တယ် ဆရာမလိုလည်းချစ်တယ် အမေလိုလည်း ချစ်တယ် တစ်ခါတစ်လေတော့ အဲ့ခံစားချက်တွေထက်လည်းပိုခဲ့တယ် ထင်တယ် [...
