Zawgyi👇
" ဘာလည်းဟ ဘာပြောမို့လည်း "
______ အမြဲတမ်း ရုပ်တည်တည်နေတတ်ပြီး သူငယ်ချင်းတွေရှေ့သာ ပေါ်တောတော နေတတ်တဲ့ အသားဖြူဖြူ အရပ်အနေတော် ဆံပင်ရှည်ရှည် မျက်ခုံးထူထူ နဲ့ မင်းခန့် တစ်ယောက် ယွန်း အရှေ့မှာရပ်ပြီး မျက်နှာများရဲကာစပ်ဖီးဖီးရုပ်ဖြင့် ဆံပင်တွေကို ထိုးဖွလျက် ထစ်ငေါ့ငေါ့ဖြစ်နေဟန် ကို ယွန်း တစ်ယောက်လည်း သိပ်သဘောမကျစွာမေးလိုက်လေတော့ မင်းခန့်လည်း _______
"ဟွာလေ.......ငါက "
"အေး.......ဘာဖြစ်လည်း " ( ယွန်း စိတ်မရှည်သံနည်းနည်းဖြင့်)
"ငါသိချင်နေတာက နင့်ဘေးကထိုင်တဲ့ ဆံပင်ဂုတ်ဝဲလေးနဲ့ တစ်ယောက် နာမည်က မေသက် လား " ( မင်းခန့် ခေါင်းငုတ်ကာ ခပ်ရှက်ရှက်ဖြင့် )
ယွန်း mind : " အော်...ဘာများလည်းလို့ ဒီကောင်က မေသက် ကိုမေးနေတာကိုး ဘာလားဟ "
" အေး ဟုတ်တယ်....ငါ့ဘေးမှာထိုင်တာ နင်ပြောတဲ့တစ်ယောက်ဘဲ " ( ယွန်း ခပ်ပျက်ပျက်ဖြေလိုက်တယ်)
"အော်....သူက နင့်သူငယ်ချင်းလား " ( မဝံ့မရဲဖြင့်)
"ငါ့သူငယ်ချင်းပေါ့ဟ ငါနဲ့ငယ်ငယ်ထဲကပေါင်းလာတာ ငါ့ဘေးက ၂ယောက်လုံးက ငါ့ bff ၂ယောက်ဘဲ မေသက် နဲ့ မှုန်ချယ်ရီ ဒါနဲ့ နင်ဘာလို့ အခုလိုလာမေး "
"အ.....မဟုတ်ပါဖူး ငါဒီတိုင်းသိချင်လို့ "
" ဒါဆို အနောက်ကနေ စက်ဘီးအသားကုန်နင်းပြီး အတေလဲ အော်ခေါ်နေတာ မေသက် က ငါ့သူငယ်ချင်းဟုတ်လား သိချင်လို့ပေါ့"
"အဲ....ဟွာ အဲ့လိုတော့မဟုတ်ဖူးလေဟာ " ( တကယ် ဘာလုပ်ရမှန်းမသိတဲ့ ပုံစံဖြင့် ခေါင်းတွေကုတ်လျက်)
"တော်ပါတော့ဟယ်......ငါ့ ပွင့်ပွင့် လင်းလင်း ပြောစမ်းပါအေ နင့်ပုံစံ က နင်မဟုတ်တဲ့အတိုင်း "
______ မင်းခန့် ဆိုတဲ့သူဟာ တီချယ်မိုး အမ ဒေါ်ကလျာနှင်း ရဲ့ တဦးတည်းသောသား တီချယ်တို့ရဲ့ တဦးတည်းသောတူတော်မောင် ဖြစ်သလို ယွန်း တို့ကျောင်းကမှမဟုတ်ပင်မဲ့ တီချယ်မိုး ကိုအဒေါ်တွေထဲ အချစ်ဆုံးမို့ သူနဲ့လည်းအဆင်ပြေဆုံးမို့ တီချယ်မိုး အတန်းမှာစာသင်ရာကနေ ယွန်း နှင့် အတန်းတူတတန်းတည်းစာသင် ခင်မင်ရင်နှီးလာတာ ၅တန်းအရွယ်မှကပင် ဖြစ်လေတာကြောင့် ယွန်း တစ်ယောက်လည်း မင်းခန့် ရဲ့ ပုံစံအမူကျင့်တွေကို သိနေလေတော့ အခုလက်ရှိ သူ့မျက်စိ ရှေ့မှာ မြင်နေရတဲ့ မင်းခန့် ဟာ သူမ မြင်နေကြဖြစ်တဲ့ မင်းခန့် မဟုတ်နေသလိုရှိတာကြောင့် ပြောလိုက်စေတော့______
ВЫ ЧИТАЕТЕ
🌹 Moe 🌹
Любовные романыBased on the true story in here are some facts💫 ညီအမလိုလည်းချစ်တယ် အဒေါ်လိုလည်းချစ်တယ် ဆရာမလိုလည်းချစ်တယ် အမေလိုလည်း ချစ်တယ် တစ်ခါတစ်လေတော့ အဲ့ခံစားချက်တွေထက်လည်းပိုခဲ့တယ် ထင်တယ် [...
