Zawgyi👇
Ph ring :
🎶 ဒဏ္ဍာရီများလည်း.....မဟုတ်ဖူးနော် 🎶
🎶 ငယ်ရွယ်သူလျှောက်ခဲ့တဲ့ လမ်းပေါ်...🎶
🎶အခုထိနားမလည်းနိုင်သေးတဲ့ အကြောင်းရယ်....🎶
🎶 ရင်ခုန်မိတာ အိမ်မက် မဟုတ်ဖူးနော်..... 🎶 ( Ph ring)
ယွန်း : " အဲ....ငါ့ဖုန်း ဖုန်းလာနေတာဘဲ ချယ် ခနလေးပါနော် " ( ယွန်း တို့၃ယောက်စကားကောင်းနေရာမှ ဖုန်းလာတာကြောင့် ယွန်း လည်း ဖုန်းလေးကိုင်စေကာ ချယ်မိုးကိုလက်လေးပြစေပြီး အခန်းပြင်လေးထွက်လျက် )
တီချယ်မိုး : " အိမ်ကဖုန်း ဖြစ်မယ်ထင် ဘယ်ချိန်ရှိပါပီလိမ့်"( မိုး မှ အခန်းပြင်ထွက်သွားတဲ့ ယွန်း ကျောပြင်လေးကိုကြည့်လျက် )
သီရိ : " ၄နာရီ ကျော်ပြီ တီချယ် " ( တီချယ်မိုး အမေးကို သီရိမှ သူမလက်ပတ်နာရီလေးကို အားကိုးစွာကြည့်ပြီး ပြန်ဖြေလေတယ် )
တီချယ်မိုး : " ၄နာရီတောင်ကျော်ပြီကိုး "
သီရိ : " ဟုတ် တီချယ် သမီးလည်း အိမ်ကို ၄ခွဲလောက်ပြန်လာမယ် ပြောထားတာ ခနနေယွန်းကိုတချက်ပြောပြီ လစ်လိုက်အူးမယ် "
တီချယ်မိုး : " အော်....အေးပါ သမီး ဟော...ဟိုမှာ ယွန်း ပြန်ဝင်လာပြီ " ( တီချယ်မိုး နှင့် သီရိ စကားပြောနေရင်းပင် ယွန်း မှအခန်းပြင်မှပြန်ဝင်လာတာကြောင့် )
ယွန်း : " သီရိ ရေ....ငါ့ အမေအဖွားတို့ကအပြင်ရောက်နေလို့တဲ့အဲ့ဒါဖေဖေ့ကားနဲ့ဝင်ခေါ်ပေးပြီး အဒေါ့်အိမ်ခနသွားမို့တဲ့ နင်ပြန်ရင်ငါ့အဖေကားနဲ့လာခေါ်မှာမို့ ငါပတ်ပို့ပေးရမလား သူငယ်ချင်း"( ယွန်း ကိုဖုန်းဆက်သူမှာသူမအမေဖြစ်ပြီး ဝင်ခေါ်မယ်ပြောတာကို သူမသူငယ်ချင်းသီရိကို ပြောပြပေးလေတယ်)
တီချယ်မိုး : " အော်....ကောင်းသားဘဲ " ( ယွန်း စကားအား ချယ်မိုး သည်ပင်ထောက်ခံလျက် )
သီရိ : " ရတယ် ယွန်းရဲ့ နင်တို့အပြင်သွားစရာရှိတာမလားအေးဆေးသွားလိုက်ကြ ငါတို့လမ်းကတဖက်ဘဲဝင်ထွက်ရတာ ကားအဝင်ထွက်လည်းခက်တော့ လိုက်ပတ်ပို့မနေနဲ့သူငယ်ချင်းလေး ငါ့ဟာငါဘဲပြန်မှာဟ ရတယ် အေးဆေး " ( သီရိ ဖြစ်သူမှ အားလည်းနာတာကြောင့် )
VOUS LISEZ
🌹 Moe 🌹
Roman d'amourBased on the true story in here are some facts💫 ညီအမလိုလည်းချစ်တယ် အဒေါ်လိုလည်းချစ်တယ် ဆရာမလိုလည်းချစ်တယ် အမေလိုလည်း ချစ်တယ် တစ်ခါတစ်လေတော့ အဲ့ခံစားချက်တွေထက်လည်းပိုခဲ့တယ် ထင်တယ် [...