တကယ် စိတ်တိုသွားပုံရသည်။ အိမ်ကိုပြန်လာမအိပ်တာ အခုနဲ့ဆို သုံးရက်ပင်ပြည့်ချေတော့မည်။ မင်းဝေနဲ့ ရှိုင်းသန့်ကိုမေးတော့ သူတို့ကိုလည်းဘာမှမပြောသွားကြောင်း ပြောလာသည်။
ဆေးလိမ်းဆေးသောက်ဖို့ကိုတော့ အိမ်တော်ထိန်းအားမှာခဲ့သည်။ ကျုပ်နဲ့ခင်ဗျားဆိုပြီး ပြောပြောတတ်တဲ့ စကားသံများပင် မကြားရသည်မှာသုံးရက်ပင်ရှိနေပြီ။ ခြေထောက်ဒဏ်ရာက ရှရာလေးတွေပဲမို့ အများကြီးတော့မထိမိပေ။
" မရှိလေ ကောင်းလေပဲ "
ဗီဒိုထဲက အဝတ်အစားတစ်ခုချင်းစီထုတ်ကာ အပြင်သွားဖို့ပြင်နေတော့သည်။ အဝတ်အစားလဲပြီးနောက် မှန်ထဲ ကြည့်မိတော့ လက်မှာစည်းထားတဲ့ပတ်တီးကြောင့် စိတ်ရှုပ်မိပြန်သည်။
" ကျစ်!!! Style ပဲ့လိုက်တာကွာ "
ပြင်ဆင်ပြီးအောက်ထပ်ဆင်းလာတော့
" သခင်လေး ဘယ်သွားမလို့လဲ "
" အပြင်ခဏသွားမလို့ "
" Boss က အပြင်မသွားစေနဲ့ပြောထားလို့ဗျ "
" သူတားတိုင်း ငါမသွားဘူးဆိုတဲ့ ထုံးစံရှိလို့လား "
သော့ကိုမွှေ့ရမ်းကာ အိမ်ထဲကထွက်လာသည်။ မင်းဝေလိုက်ပို့ပါမည်ပြောသော်လည်းမရ။ သူကိုယ်တိုင်ကားမောင်းကာသွားမည်ဆိုတာကြောင့် လွှတ်လိုက်ရပြန်သည်။
သူငယ်ချင်းတွေနဲ့ချိန်းထားတဲ့ Bar ကိုရောက်တော့ အဝတ်အစားကိုအနည်းငယ်ပြင်လိုက်သည်။ ပြီးနောက်ချိန်းထားတဲ့နေရာအားဉီးတည်လိုက်သည်။
" ထွဋ်ခေါင် ကြာလိုက်တာကွာ "
" မကျေနပ်လည်းမတတ်နိုင်ဘူး "
" လက်က ပတ်တီးကြီးနဲ့ ဘာဖြစ် "
" ဒီလိုပဲ ကိစလေးတွေရှိလို့ "
" မင်းယောက်ျားရော "
" မသိဘူး ဘယ်ရောက်လို့ဘယ်ပေါက်နေမှန်း၊ မင်း စကားတအားများတယ်ကွာ သောက်ဖို့လာတာကွ "
" အဆင်သင့်မှာပေးပြီးသားသောက်သာသောက် "
မသောက်ရတာကြာပြီမို့ အရသာကတော့ပြောစရာပင်မလိုတော့။ တစ်ခွက်နဲ့ပင်မတင်းတိမ်နိုင်လောက်တဲ့အထိ သောက်ရအဆင်ပြေနေသည်။
YOU ARE READING
မောင့်မူပိုင် (Completed)
RomanceMarriage Life လေးကို ပုံဖော်ထားပါတယ်။ သွေးထက်သံယိုဖြစ်ခြင်းများအနည်းငယ်ပါနိုင်ပါသည်။ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ဖန်တီးထားတာဖြစ်တဲ့အတွက် လက်တွေ့နဲ့ မသက်ဆိုင်ပါဘူး။ sweet တဲ့အပိုင်းပိုသွားမှာမို့ သဘောမကျပါက ကျော်သွားပေးဖို့ တောင်းဆိုပါရစေ။