အလုပ်တွေပြီးပြီမို့ ပြန်ဖို့လုပ်ပေမယ့် လုပ်ငန်းရှင်တွေရဲ့ ဖိတ်ကြားမှုနဲ့ပွဲတစ်ခုတက်ရောက်ရန်ရှိနေသေး၏။
" ဒီတစ်ခါတော့ မောင်လိုက်ဖြစ်အောင်လိုက်မယ်၊ တစ်ယောက်တည်းသွားပြီး လူပျိုမလုပ်ချင်နဲ့"
" ငါ လူပျိုလုပ်မယ်ပြောမိလို့လား၊ ငါ့မှာ ယောက်ျားရှိတယ်ဆိုတာ လူတိုင်းသိတယ် "
" သိသိ မသိသိကွာ၊ မောင်ကတော့လိုက်မှာပဲ "
" မောင့်သဘောပဲ "
ပွဲတက်စရာရှိသည်ဟု ကြားကတည်းက အဝတ်အစားတွေရွေးပြီးသားမို့ ပွဲချိန်ရောက်တဲ့အထိသာစောင့်ဖို့လိုတော့သည်။
" သဲငယ် "
" .............. "
" မောင်တို့ အဲ့ပွဲသွားပြီးရင် တစ်နေရာသွားရအောင် "
" ဘယ်ကိုလဲ "
" အဲ့ချိန်ကျမှ မောင့်နောက်လိုက်ခဲ့၊ မောင်နဲ့သဲငယ် တူတူသွားရမယ့်နေရာလေးရှိလို့"
" အင်း ဒါဆို ပွဲမှာ အကြာကြီးမနေတော့ဘူးလေ "
" အချစ်သဘောပါဗျာ "
ဒီနေ့လေးအတွက် သီဟ ရင်တွေခုန်နေမိပါ၏။ အစစအရာရာ အဆင်ပြေဖို့ရန်သာဆုတောင်းဖို့လိုတော့သည်။
သွားရမယ့်အချိန်နီးပြီမို့ အဝတ်အစားကို ထုတ်ကာကြည့်မိတော့ အရောင်သာကွဲပြီးDesign တူနေသောဝတ်စုံနှစ်ခုကြောင့်ထွဋ်ခေါင်မျက်မှောင်ကျုံ့လိုက်မိသည်။
" မောင် "
" ဗျာ "
" ဝတ်စုံက ဘာလို့တူနေတာလဲ "
" မောင်နဲ့သဲငယ်က လက်ထပ်ထားကြတာလေ၊ တူတူဝတ်တော့ဘာဖြစ်မှာမို့လို့လဲ၊ သဲငယ်ကအနီရောင်ဝတ်၊ မောင်က နီညိုရောင်လေးဝတ်မယ်"
" ဒါပေမယ့်တူနေတာကြီးက"
" မောင့်ကို မချစ်ဘူးလား "
" ငါ့ကို အကျပ်မကိုင်နဲ့မောင် "
" တခါတလေပဲဝတ်ရတာကိုကွာ၊ ဝတ်လိုက်ပါ လိမ်မာတယ်အချစ်က"
" အမျိုးမျိုးပဲ "
ဝတ်စုံကိုယူကာ လဲဝတ်ဖို့ရာယူသွားတော့သည်။ Design တူတူဖြစ်နေသည်မို့ မဝတ်ချင်မှန်းသိပေမယ့် အခုလိုလူများတဲ့နေရာမှာတော့ အချစ်ဟာ မောင့်မူပိုင်ဖြစ်ကြောင်းကြေညာချင်သေးသည်။
![](https://img.wattpad.com/cover/288046050-288-k791398.jpg)
VOUS LISEZ
မောင့်မူပိုင် (Completed)
Roman d'amourMarriage Life လေးကို ပုံဖော်ထားပါတယ်။ သွေးထက်သံယိုဖြစ်ခြင်းများအနည်းငယ်ပါနိုင်ပါသည်။ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ဖန်တီးထားတာဖြစ်တဲ့အတွက် လက်တွေ့နဲ့ မသက်ဆိုင်ပါဘူး။ sweet တဲ့အပိုင်းပိုသွားမှာမို့ သဘောမကျပါက ကျော်သွားပေးဖို့ တောင်းဆိုပါရစေ။