Part 26*

68.6K 4.9K 265
                                    

သီဟကတော့ လက်မောင်းဒဏ်ရာအားအကြောင်းပြကာ ထွဋ်ခေါင်နားတွင်သာကပ်၍နေ၏။

" မောင် ဖယ်ကွာ၊ ဘယ်လိုဖြစ်နေတာလဲ"

Sofa ပေါ် တူတူထိုင်နေပေမယ့် ထွဋ်ခေါင်နားကပ်ကာထိုင်တဲ့သူအား ငေါက်လိုက်သည်။

" အချစ်နားမှာ မောင်နေချင်လို့လေကွာ "

" အရမ်းကြီးမကပ်နဲ့လေ နေရခက်တယ်"

" နေသားကျအောင် မောင်လုပ်ပေးမယ်လေ "

" မောင်! "

ဆောင့်ဆောင့်အောင့်အောင့်အသံကလေးထွက်လာတော့ သီဟ ရီမိပြန်သည်။ ချစ်ရသူက တကယ်ဒေါသအိုးလေး။ ထိတာနဲ့မီးပွင့်သွားလောက်သည်။

" မောင် "

" ဗျာ့ "

" ငါ တစ်ခုခုလုပ်ချင်နေတယ် "

" တစ်ယောက်ယောက်ကို အပြတ်ရှင်းချင်နေတာမလား "

တွေ့လား။ မောင်က ထိုသို့သောလူမျိုးပင်။ ဘာမှမပြောရသေးခင် စိတ်ထဲရှိနေသည့်အရာကို မောင်ကခန့်မှန်းတတ်နေပြီ။

" အဲ့တာများ အချစ်က လုပ်ဖို့မလိုပါဘူး၊ မောင်ရှင်းလိုက်မယ် "

" မဖြစ်ပါဘူး ငါလုပ်မယ်၊ ငါကိုယ်တိုင်လုပ်မယ် "

" ဘာလို့ အဲ့လောက်တောင် စိတ်အားထက်သန်နေတာလဲကွာ၊ မကောင်းတဲ့သူတွေရဲ့သွေးကို သဲငယ်လက်ပေါ်မစွန်းစေချင်ဘူး၊ "

" မင်းကျတော့ အစွန်းခံမယ်ပေါ့၊ ဘာထူးသေးလဲ မင်းစွန်းထားတဲ့လက်က ငါ့ကို ထိမှာပဲလေ "

" ဟားးးးး အချစ်က ကပ်သီးကပ်သက်တွေ အရမ်းတွေးတယ်ကွာ "

တဟားဟားနဲ့ သဘောတကျရယ်မိတော့ " မောင်! " ဆိုကာ စိတ်အလိုမကျသည့်အသံဖြင့်ခေါ်ပြန်၏။

" မောင် သဘောကျလို့ပါကွာ၊ အဓိကက မောင့်အချစ်ကို ဘယ်သူမှလာမထိစေချင်ဘူး၊ "

" မောင်ကျတော့ ငါ့ကိုလာထိတယ်လေ "

" မောင့်က တခြားသူတွေနဲ့မတူဘူးလေ။ မောင့်က အချစ်ရဲ့သက်ဆ်ိုင်သူ​ဖြစ်နေပြီကို"

မောင် တအားပျော်နေသည်ဟု ထွဋ်ခေါင်တွေးမိသည်။ ဘယ်အရာကများ မောင့်ကိုပျော်ရွှင်အောင်လုပ်နိုင်ခဲ့တာလဲ။

မောင့်မူပိုင် (Completed) حيث تعيش القصص. اكتشف الآن