Part 22*

65.8K 4.7K 387
                                    

" မင်းကို ချစ်တယ် "

ထွဋ်ခေါင်ကိုယ်တိုင် နမ်းလာတဲ့အနမ်းလေးကြောင့် သီဟ ကြောင်အကာ ငြိမ်နေ၏။ ဒါ့အပြင် နောက်ဆုံးစကားကြောင့် သွေးများပြောင်းပြန်စီးသွားသလားဟုပင်ထင်ရသည်။

နှိပ်နယ်ပေးနေသော လက်များက ငြိမ်သက်သွား၏။ တခုခုကိုစဉ်းစားနေသလိုဖြင့် ထွဋ်ခေါင်အားကြည့်လာသည်။ပြီးနောက် ထိုင်နေရာမှ ထရပ်ပြန်သည်။

ထွဋ်ခေါင်ရဲ့ရှေ့ လမ်းကိုခေါက်တုံ့ခေါက်ပြန်လျှောက်နေကာ လက်ကလည်းဆံပင်ကိုထိုးဖွနေသည်။

ထွဋ်ခေါင် သီဟလုပ်နေတဲ့လုပ်ရပ်တွေကိုနားမလည်နိုင်စွာ လိုက်ကြည့်နေမိသည်။

" ခုဏက ခင်ဗျား ဘာပြောလိုက်တာလဲ "

" မင်းကို ချစ်တယ် "

အပြုံးကြီးပြုံးသွားပြီး ဂဏာမငြိမ်ဖြစ်နေပြန်၏။

" ကျုပ် နားကြားမှားတာမဟုတ်ဘူးမလား "

" မှားတယ်ဆိုလည်း မှားလိုက် "

" မဟုတ်ဘူး ကျုပ်မယုံနိုင်သေးလို့ "

လမ်းကိုလျှောက်နေရင်း စကားပြောလာ၏။

" ခင်ဗျားက ကျုပ်ကို ချစ်တယ်ပေါ့ "

" ............... "

" အားးးးးးးး "

အော်သံနဲ့အတူ သီဟရဲ့ တင်းကြပ်စွာ ပွေ့ဖက်ခြင်းကြောင့် ထွဋ်ခေါင် တောင့်တောင့်ကြီးဖြစ်သွားသည်။

" ခင်ဗျားကြောင့် ကျုပ်ရူးတော့မယ်ဗျာ "

အသံက တုန်ရီနေ၏။ တင်းကြပ်စွာ ပွေ့ဖက်ထားမှုကြောင့် အသက်ရှူပင်ကြပ်လာသလိုခံစားရ၏။ ချစ်တယ်ဆိုတဲ့စကားတစ်ခွန်းကြောင့်အခုလိုထိဖြစ်နေသည်လား။

" ကျုပ်...ကျုပ် မယုံနိုင်သေးဘူး "

အသံက ငိုသံလိုဖြစ်နေ၏။ တကယ်ငိုနေတာလား။ အကျီပေါ် ကျရောက်လာတဲ့စိုစွတ်စွတ်အနေအထားကြောင့် ငိုနေသည်ကိုသက်သေပြနေသည်။

" ဖယ်စမ်း နေရခက်တယ်! "

" ဟင့်အင်း ကျုပ် ဖက်ထားပါရစေဉီး "

အတန်ကြာဖက်ထားပြီးမှ ဖယ်ခွာသွားပြီး လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ ကြည့်နေပြန်၏။ ပြီးနောက်ပြုံးသည်။

မောင့်မူပိုင် (Completed) Where stories live. Discover now