Part 27*

62.4K 4.1K 104
                                    

ထွဋ်ခေါင် တစ်နေရာရာကိုသွားဖို့ပြင်ဆင်နေ၏။ ပြင်ဆင်နေစဉ်အတွင်း ကုတင်ပေါ်မှာဆူပုတ်ပုတ်ထိုင်သောသီဟအားလှည့်ကြည့်ကာပြုံးမိ၏။

အပြင်သွားမည်ဟုပြောပေးမယ့် ခွင့်မပြုတဲ့သူကြောင့် တစ်ပွဲတစ်လမ်းနွှဲထားခြင်းသာဖြစ်သည်။

" မသွားပါနဲ့လားကွာ မောင် နောက်မှအေးဆေးလိုက်ပို့မယ်လေ "

" ငါက ဘယ်သွားမှာမို့လို့လဲ၊ ငါ့မိဘအိမ်ကို ငါခဏလေးသွားမလို့လေကွာ ဘာဖြစ်မှာမို့လို့လဲ အရင်ကလည်းငါသွားနေကျပဲလေ "

" မောင် စိတ်မချလို့ပေါ့ကွာ၊ မောင့်စကားနားထောင်လေနော် သဲငယ် "

" မောင်! "
လေသံအနည်းငယ်မာလိုက်တော့ မျက်နှာလေးငယ်သွားပြန်သည်။ မောင်က အခုမှသူမဟုတ်တဲ့အတိုင်း ပြောင်းလဲနေတာကြီးကသိသားလွန်းသည်။

" မင်းဝေကို ထည့်ပေးလိုက်မယ် "

" မလိုဘူး တစ်ယောက်တည်းသွားမှာ "

" အချစ်... "

" မောင်! "

" ဟုတ်ပြီ ဟုတ်ပြီ၊ အချစ် စိတ်ချမ်းသာရင်ပြီးရော "

အလျှော့ပေးခြင်းတစ်မျိုးပေလား။ အလိုလိုက်ခြင်းမမည်သော အလျှော့ပေးမှုတွေကြား နစ်မြောသွားမှာပင် စိုးရိမ်ရသည်။

" ကိုယ့်ကိုကိုယ်ဂရုစိုက် မောင် "

" မောင့်အတွက် စိတ်မပူနဲ့၊ အချစ်ကိုသာ စိတ်မချတာ"

" ငါ မင်းထက်ထမင်းအရင်စားခဲ့တဲ့သူနော် "

" မဆိုင်ပါဘူးအချစ်ရာ၊ မောင့်အချစ်ကို မောင့်အသက်ထက်ပိုချစ်တာ "

" အိမ်ပြန်ရောက်ရင်ရပြီမလား "

" ဟိုရောက်ရင်ဖုန်းဆက် "

" အင်း "

" လမ်းမှာ ကားရပ်ရင်လည်းဖုန်းဆက် "

" အင်း "

" ဗိုက်လေးအောင့်တာနဲ့ ဖုန်းဆက် "

" တစ်ခုခုဖြစ်တာနဲ့ဖုန်းဆက်မယ်ကွာ ရပြီလား "

" မောင် စောင့်နေမှာနော် "

" မောင်ကွာ~ "

မောင့်ရဲ့စိတ်မချမှုကို အတိုင်းသားမြင်ရသည်မို့ စိတ်ချမ်းသာအောင်သာပြောထားရသည်။

မောင့်မူပိုင် (Completed) Where stories live. Discover now