Part 16*

65K 4.7K 108
                                    

မင်းဝေရဲ့ပြောပုံအရ Hotel ထဲဝင်သွားသည်ပြောတာကြောင့် သေချာသလောက်ကတော့ အိမ်ကိုပြန်လာတော့မည်မဟုတ်။ ဒါကြောင့် သီဟမင်းထင်ကိုယ်တိုင် Hotel သို့ရောက်လာသည်။

ဘယ်အခန်းမှာလဲလို့မေးစရာပင်မလို။ ထွဋ်ခေါင် ဒီ Hotel ရောက်တိုင်း နေတတ်တဲ့ အခန်းကတစ်ခုတည်းသာရှိသည်မို့ သော့ကဒ်တောင်းကာ အပေါ်ဆုံးထပ်ကအခန်းစီသို့ရောက်လာသည်။

ဒီအတိုင်းလွတ်ထား၍တော့မဖြစ်။ ပြသနာကပို၍ကြီးလာနိုင်သည်ကြောင့်  ရှင်းပြဖို့ရာလိုနေသည်။

သော့ကဒ်ကိုဖွင့်ကာ ဝင်လိုက်တော့ ဝိုင်ခွက်ကိုကိုင်ကာ ရပ်နေသော မြတ်ထွဋ်ခေါင်။ အနားကိုတဖြည်းဖြည်းရောက်လာကာ ဖန်ခွက်ကိုအရင်ပစ်ခွဲလိုက်တာကြောင့် ကြမ်းပြင်ထက် အနီရောင်များဖုံးလွှမ်းသွားသည်။

" ကျုပ်..... "

စကားမဟခင်မှာ ရောက်ရှိလာတဲ့ ထိုးနှက်ချက်နှစ်ချက်။ ရှောင်လည်းမရှောင်မိပဲ တောင့်ကာ ရပ်နေမိသည်။

" မင်းက မင်းရဲ့မာနတွေကိုထည့်တွက်မတွက်ငါမသိဘူး၊ မင်းသိထားရမှာက ငါ့မှာမာနရှိတယ်၊ ငါမိန်းကလေးတစ်ယောက်နဲ့ မင်းကြောင့်စကားရည်လုရတာမကြိုက်ဘူး၊ မဟုတ်ဘူး ဘယ်သူနဲ့မှကိုစကားလုရတာမ​ကြိုက်ဘူး! "

" ............... "

" မင်းက အပြင်မှာ ဖြစ်ချင်တိုင်းဖြစ်လာပြီး ငါ့စီကို အမိန့်တွေအာဏာတွေလာမသုံးနဲ့! "

" .............. "

" မင်းက ဒါတွေနားမလည်တာလား။ မင်း အရှက်မရှိဘူးလား သီဟမင်းထင်! "

" မြတ်ထွဋ်ခေါင်! "

" ဘာလဲ မာနထိခိုက်သွားလို့လား။ ငါက ပိုထိခိုက်တယ်။ ငါက မိန်းကလေးတစ်ယောက်နဲ့ မင်းကိုလုရတယ်တဲ့လေ ကြားလို့ကောင်းရဲ့လား ဟားးးးဟားးးး "

" .............. "

" ကွာရှင်းကြရအောင် သီဟမင်းထင်! "

" မြတ်ထွဋ်ခေါင်! "

" ငါ စကားကိုနှစ်ခွန်းမပြောချင်ဘူး "

" ခင်ဗျားရဲ့ တစ်ဖက်သက်အတွေးတွေနဲ့ ဆုံးဖြတ်မနေနဲ့!! ကျုပ် အမှားလုပ်ထားတာမရှိဘူး၊ ဒါကို ကျုပ်အသက်နဲ့ကျုပ်အာမခံရဲတယ် "

မောင့်မူပိုင် (Completed) Where stories live. Discover now