ပင်ပန်းမှုကြောင့် မနိုးလာသေးတဲ့ချစ်ရသူအား မနှိုးသေးပဲ သီဟအရင်ထလိုက်သည်။ နိုးလာရင် အဆင်သင့်ဖြစ်နေစေဖို့ မနက်စာကိုကြိုတင်မှာထားလိုက်သည်။
" မောင် "
အဝတ်အစားဝတ်နေတုန်း ချစ်ရသူရဲ့ခေါ်သံကြောင့် ကုတင်နားအပြေးသွားမိသည်။
" အဆင်ပြေရဲ့လား သဲငယ်၊ မောင်ဘာလုပ်ပေးရမလဲ"
" အိပ်မက်မဟုတ်ဘူးပဲ "
" အိပ်မက်လို့တွေးနေတာလား "
" အင်း "
" အိပ်မက်မဟုတ်ပါဘူး၊ အချစ်ကို လွမ်းလွန်းလို့မနေနိုင်ပဲလိုက်လာရတာ "
" .......... "
" ထတော့မလား "
" အင်း ငါ့ကို ထူဉီး "
" ဖြည်းဖြည်းထ "
ဖြည်းဖြည်းချင်းဆွဲထူလိုက်ပေမယ့် မျက်နှာရှုံ့မဲ့သွားသူကြောင့် စိတ်မကောင်းဖြစ်ရပြန်သည်။ ရေချိုးခန်းထဲသွားဖို့ရာ အိပ်ရာကနေထဖို့ပြင်နေသူအား
" မထနဲ့၊ မောင် ချီမယ် " ဆိုကာ ဂျိုင်းအောက်နဲ့ဒူးအောက်ကိုလက်လျှိုသွင်းကာ ချီလိုက်သည် ။ ရှက်နေတာကြောင့်နီရဲရဲဖြစ်နေသော မျက်နှာလေးကြောင့် ပါးတစ်ဖက်စီအား နမ်းရှိုက်မိပြန်သည်။
" မောင့်ရဲ့ မြတ်နိုးရဆုံးလူသားလေးပဲ "
" မောင်! "
" မပြောတော့ဘူး၊ "
ဆူအောင့်အောင့်ဖြစ်သွားသူအား စိတ်မဆိုးစေချင်တာကြောင့် မပြောပဲနေလိုက်သည်။ ရေချိုးခန်း ဘေစင်ပေါ် အသာအယာချကာထိုင်ခိုင်းလိုက်ပြီး သွားတိုက်ဖို့ပြင်ပေးတော့သည်။
" ရပြီ တိုက်တော့ "
" မောင် အပြင်ထွက်လေ "
" မောင်စောင့်နေမယ်လေကွာ "
" မရဘူး ထွက် "
" သဲငယ်"
" မောင်! "
" အင်းပါ အင်းပါ မောင်အပြင်မှာစောင့်နေမယ် "
ရေချိုးခန်းထဲထားခဲ့ပြီး သီဟအပြင်ထွက်လာခဲ့သည်။
![](https://img.wattpad.com/cover/288046050-288-k791398.jpg)
YOU ARE READING
မောင့်မူပိုင် (Completed)
RomanceMarriage Life လေးကို ပုံဖော်ထားပါတယ်။ သွေးထက်သံယိုဖြစ်ခြင်းများအနည်းငယ်ပါနိုင်ပါသည်။ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ဖန်တီးထားတာဖြစ်တဲ့အတွက် လက်တွေ့နဲ့ မသက်ဆိုင်ပါဘူး။ sweet တဲ့အပိုင်းပိုသွားမှာမို့ သဘောမကျပါက ကျော်သွားပေးဖို့ တောင်းဆိုပါရစေ။