သီဟ အလုပ်တွေလုပ်နေရသည်မို့ ဖုန်းကိုပင် သတိမမူမိ။ အချိန်လွန်နေပြီမို့ Meeting ခန်းမှအထွက် ဖုန်းကိုစစ်ကြည့်မိတော့ နီရဲနေသော Missed Call များကြောင့် ထိတ်လန့်သွား၏။
ထိုခေါ်ဆိုသူပိုင်ရှင်ဟာလည်း သူ့ရဲ့ချစ်ရသူဖြစ်နေ၍သာ။ အများကြီးခေါ်ထားပုံထောက် အရေးကြီးကိစများရှိနေ၍လား။ ရုံးခန်းထဲသို့သာအမြန်ပြေးလာမိသည်။
ရုံးခန်းထဲရောက်တော့လည်းမတွေ့တာမို့
" ရှိုင်းသန့်ကိုမေးကြည့်ပါလား Boss "
" ဟုတ်သားပဲ "
သီဟ ရှိုင်းသန့်အားဖုန်းခေါ်ကာ မေးကြည့်တော့ အိမ်ရောက်နေပြီဖြစ်ကြောင်း၊ သီဟအားလည်းဒေါသထွက်နေကြောင်းပြန်ကြားရတာကြောင့်ရုံးခန်းထဲကပြေးထွက်ကာအိမ်သို့အမြန်ရောက်အောင်သွားရပြန်၏။
" Boss "
" အိမ်တော်ထိန်း ပြောစရာရှိသလား "
" မရှိပါဘူး ဒါပေမယ့် သခင်လေး ဒေါသထွက်နေတယ်ဆိုတာလေး ပြောချင်လို့ "
" ဟုတ်ပြီ "
သီဟ အပေါ်ထပ်သို့ပြေးတက်ကာ အခန်းထဲဝင်လိုက်တော့ အဝတ်တွေထည့်နေသူကြောင့် အလျင်အမြန်တားရတော့သည်။
" အချစ် ဘာတွေလုပ်နေတာလဲကွာ! "
" ဖယ်စမ်း! "
" မဖယ်ဘူး ဘာလို့အကျီတွေထည့်နေတာလဲ "
" ငါ့ဒေါသတွေ မင်းပေါ်ပုံကျသွားမယ်နော် "
" စိတ်ပြေမယ်ဆိုရင် မောင့်ကို ဘာပဲလုပ်လုပ်ရတယ် ဒါပေမယ့်အိမ်ကတော့မထွက်သွားပါနဲ့"
" မင်းဘာဖြစ်နေတာလဲ သီဟမင်းထင်! "
" မောင်....မောင် အချစ်နဲ့ခွဲရမှာကြောက်လို့၊ ထွက်တော့မထွက်သွားပါနဲ့ "
" ကျစ်! ငါ ခရီးသွားမလို့ "
" ဟမ်! "
" New York က ရုံးခွဲမှာ ပြသနာတက်နေလို့ မင်းကဘာတွေဖြစ်နေတာလဲ "
" မောင်က အချစ် မောင့်ကိုစိတ်ဆိုးပြီး အိမ်ကထွက်သွားမယ်ထင်လို့"
" အဲ့ကိစနောက်မှရှင်းမယ် အခု ငါခရီးသွားဉီးမယ် "
" မောင်လည်းလိုက်မယ်၊ မောင့်အကျီတွေထည့်လိုက်မယ် "
![](https://img.wattpad.com/cover/288046050-288-k791398.jpg)
YOU ARE READING
မောင့်မူပိုင် (Completed)
RomanceMarriage Life လေးကို ပုံဖော်ထားပါတယ်။ သွေးထက်သံယိုဖြစ်ခြင်းများအနည်းငယ်ပါနိုင်ပါသည်။ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ဖန်တီးထားတာဖြစ်တဲ့အတွက် လက်တွေ့နဲ့ မသက်ဆိုင်ပါဘူး။ sweet တဲ့အပိုင်းပိုသွားမှာမို့ သဘောမကျပါက ကျော်သွားပေးဖို့ တောင်းဆိုပါရစေ။