Part 28*

60.6K 4.1K 96
                                    

မောင့်ရဲ့မဖွင့်လာတော့တဲ့ မျက်လုံးလေးတွေကို အနမ်းလေးပေးကာ ဖွင့်နေမိ၏။မောင်က နမ်းရတာကြိုက်တယ်လေ။ အနမ်းလေးကြောင့် မောင်များနိုးလာမလားဆိုတဲ့စိတ်နဲ့ပေါ့။

သီဟမှာ ခါးတွင်ဖြစ်သွားသော ဓားဒဏ်ရာကြောင့် မေ့မြောနေဆဲဖြစ်သည်။ ကုတင်ပေါ်မှလဲလျောင်းနေသူက လက်မောင်းကဒဏ်ရာပင်မပျောက်သေးပဲ နောက်ထပ်ဒဏ်ရာတစ်ခုပင်ထပ်တိုးလာသေး၏။

သူသာ မောင့်ကိုအသိပေးခဲ့ရင်၊ မောင်နဲ့သာတိုင်ပင်ခဲ့ရင် အခုလိုဖြစ်လာလောက်မည်မဟုတ်။ အခုတော့ တက်တက်ကြွကြွနေတတ်တဲ့မောင်က ဖြူဖျော့ကာလဲလျောင်းနေရသည်မို့ ဒီအခြေအနေကိုသဘောမကျလှပါ။

ဆေးအပ်ကလေးနေရာယူထားတဲ့လက်ကလေးကိုပင် မထိရက်။ မောင်နာနေသည်မဟုတ်လား။ မောင်ဒဏ်ရာတွေကိုကြည့်ရင်းနာကျဉ်းစိတ်ကပိုတိုးလာရ၏။

" မောင်က အိပ်ရေးမက်လိုက်တာကွာ ဘယ်လောက်ကြာကြာအိပ်နေဉီးမှာလဲ"

" ............... "

စိတ်ထဲခံစားချက်က တင်းကြပ်ကြပ်ဖြစ်နေ၏။ နာကျင်မှုမမည်သောနာကျင်မှုမျိုးခံစားရသည်။ ဒီခံစားချက်မျိုး တစ်ခါမှမခံစားခဲ့ဖူးပါ။ သို့သော် ဖြူဖျော့နေသောမျက်နှာလေးကိုမြင်ရတိုင်း ရင်ထဲကတဆစ်ဆစ်နဲ့နာသည်။

" သား "

မောင့်ကုတင်ဘေးမှာထိုင်နေရာမှခေါ်သံကြောင့်လှည့်ကြည့်မိတော့ နှစ်ဖက်မိဘတွေရောက်လာခြင်းဖြစ်သည်။ မဆင်မခြင်လုပ်လိုက်မိတဲ့အရာကြောင့် နှစ်ဖက်မိဘများကိုပင်မျက်နှာပူနေမိသည်။

" အခြေအနေ နည်းနည်းတိုးတက်လာတယ်ဆို "

သီဟရဲ့မိခင်ဖြစ်သူမေးတဲ့အမေးအား ခေါင်းသာညိတ်ပြမိသည်။ ပြီးနောက် ပခုံးပေါ်လက်တစ်ဖက်ရောက်လာသည်မို့ မော့ကာကြည့်လိုက်တော့ သီဟရဲ့ဖခင်ဖြစ်နေသည်။

" ကိုယ့်ကိုကိုယ် အပြစ်တင်မနေနဲ့ သား၊ အချိန်တန်ရင်အကုန်အဆင်ပြေသွားလိမ့်မယ်"

ဖြစ်ဖြစ်ချင်းနေ့က ကပျာကယာ ရောက်လာပြီးရှိုက်ကြီးတငင်ငိုနေတဲ့ သီဟမိခင်ရဲ့မျက်နှာကိုပြေးပြေးမြင်ယောင်ပြီးအားနာစိတ်တွေကအတိုင်းအဆမရှိကြီးထွားနေသည်။

မောင့်မူပိုင် (Completed) Where stories live. Discover now