Part 20*

67.7K 4.6K 243
                                    

အိပ်ပျော်နေသူအား အခန်းထဲထားခဲ့ကာ မနက်က အဖြစ်အပျက်အားသုံးသပ်ရန် အိမ်အောက်သို့ဆင်းလာ၏။ ဧည့်ခန်းထဲဝင်တော့ ရှိုင်းသန့်နဲ့မင်းဝေကထိုင်စောင့်နေသည်။

" ရှင်းပြီးပြီမလား "

" ပြီးပါပြီ Boss၊ ဒီမှာ စာရွက်စာတမ်းတွေ "

" ငါတို့ အစီအစဉ်ဆွဲထားတာတွေ အဆင်ပြေလား "

" ပြေပါတယ် Boss၊ ဒါနဲ့ မနေ့က ပြန်ကြားရတာက ပိုးအိက မင်းမြတ်စိုးနဲ့လာတွေ့သွားတယ်တဲ့ "

" အင်း ထင်တဲ့အတိုင်းပဲ၊ တစ်ယောက်တည်းအင်အားနဲ့မရတော့ နှစ်ယောက်ပူးပေါင်းဖို့ကြံတာပေါ့"

" ကျွန်တော်တို့ စလိုက်ရတော့မလား "

" တစ်ခုချင်းစီပဲ ဖြေးဖြေးချင်းသွားကြတာပေါ့၊ ငါ အသိပေးမယ် "

" ကောင်းပါပြီ Boss "

" ဆက်ပြီးစုံစမ်းထား "

သီဟ ထွဋ်ခေါင်အား စိတ်မချဖြစ်ကာ စကားစမြန်မြန်ဖြတ်ပြီး အပေါ်ထပ်တက်လာတော့သည်။

ကုတင်ထက်ငြိမ်သက်စွာ အိပ်ပျော်နေသူ့ရဲ့ဘေးတွင် ထိုင်ကာ လက်ကိုကိုင်မိတော့ ပူကျစ်နေသောအငွေ့အသက်ကိုရလိုက်တာကြောင့် သီဟလန့်သွားသည်။ နှာဖူးပြင်ကိုစမ်းကြည့်တော့ ပူကျစ်နေတာကြောင့် ဆရာဝန်ကို အမြန်ခေါ်ခဲ့ဖို့ မင်းဝေအားပြောတော့သည်။

ဆရာဝန်မလာခင်အချိန်အတွင်း နှာဖူးပေါ် ရေစိုပဝါလေးတင်ကာ စိုးရိမ်နေ၏။ လက်အားဆုပ်ကိုင်ပြီး အပူရှိန်များကာ ငြီးငြူနေသောချစ်ရသူကြောင့်စိတ်ထဲနေလို့မကောင်းဖြစ်လာရသည်။

ဆရာဝန်ရောက်လာတော့ သေချာစမ်းသပ်ပေးပြီး ဆေးထိုးပေးကာ လိုအပ်တာတွေကိုစိတ်လောစွာဖြင့်မေးမြန်နေသည်။

" အဆင်ပြေပါတယ်၊ ရိုးရိုးဖျားတာပါ၊ ဆေးတွေသေချာပေးခဲ့ပါတယ် "

ဆရာဝန်ဖြစ်သူအား နှုတ်ပင်မဆက်နိုင်ပဲ လှဲအိပ်နေသော ထွဋ်ခေါင်ဘေးဝင်ထိုင်သည်။ အခုလိုမထနိုင်လောက်အောင်အထိ ဖြစ်တာမျိုး သီဟမတွေ့ဖူးတာကြောင့်စိုးရိမ်ထိတ်လန့်နေခြင်းဖြစ်သည်။

မောင့်မူပိုင် (Completed) Where stories live. Discover now