ထွဋ်ခေါင် အိပ်ရာကနိုးလာတော့ သောက်ထားတဲ့အရှိန်ကြောင့် ကိုက်ခဲနေတဲ့ခေါင်းကို လှုပ်ခါမိသည်။ ဘေးဘီဝဲယာကိုလေ့လာကြည့်တော့ မှန်ရှေ့ဝယ် အဝတ်အစားဝတ်နေသူအားတွေ့လိုက်ရသည်။ တဆက်တည်းမှာပဲ ညကကိစကိုပြန်စဉ်းစားရင်းဒေါသထွက်နေပြန်သည်။
" နိုးရင်လည်းထတော့ ခုံပေါ်မှာ ပျားရည်တင်ပေးထားတယ် သောက်လိုက်ဉီး "
" မင်းသောက်ခိုင်းတဲ့အတိုင်း ငါကသောက်ရမှာလား "
" ခင်ဗျားသဘောပဲ "
သီဟ အဝတ်အစားလဲပြီး အခန်းထဲကထွက်သွားသည်။
" အမြင်ကပ်ဖို့ကောင်းတဲ့ကောင်! "
လှဲနေဖို့လည်းအဆင်မပြေတော့တာမို့ ရေချိုးဖို့ပြင်ဆင်လိုက်သည်။
သီဟကလည်း မနက်စောစော ရန်မဖြစ်ချင်တာကြောင့် အခန်းထဲက ထွက်လာခြင်းသာဖြစ်သည်။
" Boss မနက်စာ "
" မစားတော့ဘူး "
ခြေလှမ်းကျဲဖြင့် လျှောက်သွားသူရဲ့နောက် ရှိုင်းသန့် အပြေးလိုက်ရသည်။
" Ala Company မှာ ပြသနာတက်နေတယ်ဆို "
" ဟုတ်ပါတယ် Boss၊ ဒီမှာပါ "
ကားရှေ့ခန်းက လှမ်းပေးလာတဲ့ စာရွက်စာတမ်းတွေကို သီဟလှမ်းယူလိုက်သည်။ တိတိကျကျမဟုတ်ပဲ စာရင်းဇယားကွာဟနေမှုအား ကြည့်ကာ မျက်မှောင်ကျုံ့လိုက်သည်။
ဒါကို ထွဋ်ခေါင်မသိသည်လား မသိချင်ယောင်ဆောင်ထားသည်လား။
" Ala အရင်သွားမယ် "
" ကောင်းပါပြီ Boss "
Ala Company ကိုရောက်တော့ မျက်နှာထားတင်းတင်းဖြင့် ဝင်ရောက်လာသူကြေယင့် အားလုံးဟာကြောက်လန့်တကြားဖြစ်နေတော့သည်။
" ဌာန ၅ က သူတွေ အားလုံးလာဖို့ပြောလိုက် "
တအောင့်လောက်ကြာတော့ အခန်းထဲ အလျှိုလျှိုဝင်လာကြသည်။ အကျီလက်ရှည်ကိုတံတောင်ဆစ်ထိခေါက်တင်ထားပြီး ဆုံလည်ကုလားထိုင်ပေါ်ခြေချိတ်ကာထိုင်နေသူရဲ့ မျက်နှာထားက ကြောက်စရာကောင်းလှသည်။
ŞİMDİ OKUDUĞUN
မောင့်မူပိုင် (Completed)
RomantizmMarriage Life လေးကို ပုံဖော်ထားပါတယ်။ သွေးထက်သံယိုဖြစ်ခြင်းများအနည်းငယ်ပါနိုင်ပါသည်။ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ဖန်တီးထားတာဖြစ်တဲ့အတွက် လက်တွေ့နဲ့ မသက်ဆိုင်ပါဘူး။ sweet တဲ့အပိုင်းပိုသွားမှာမို့ သဘောမကျပါက ကျော်သွားပေးဖို့ တောင်းဆိုပါရစေ။