Part 31*

54.3K 3.7K 137
                                    

ညစာစားပွဲကနေပြန်လာတော့ သီဟက ဧည့်ခန်းထဲတွင်ထိုင်စောင့်နေ၏။ ထွဋ်ခေါင်ဝင်လာတာမြင်တော့ ထိုင်ရာကနေထလာကာ ထွဋ်ခေါင်နားရောက်လာ၏။

" အပေါ်ထပ်လက်ရှည်လေး ချွတ်လိုက် သဲငယ်"

ကျဉ်းကြပ်နေသောခံစားချက်ကလေးအနည်းငယ်ပြေလျှော့သွားသလိုခံစားရသည်။ ဧည့်ခန်းထဲက sofa ထက် ခြေပစ်လက်ပစ်ထိုင်ချလိုက်၏။

မျက်လုံးလေးမှိတ်ကာ အနားယူနေတုန်း ခြေထောက်နားကအထိအတွေ့ကြောင့်မျက်လုံးကိုဖွင့်ကာကြည့်မိတော့ ချစ်ရသူရဲ့လုပ်ရပ်ကိုမြင်ကာလန့်သွား၏။

ထွဋ်ခေါင်ရဲ့မချွတ်ရသေးသော ခြေအိတ်အား ချွတ်ပေးနေသောသီဟမင်းထင်

" မောင်! "

" ပင်ပန်းနေတယ်မလား နားလေ အချစ်"

" မောင် မလုပ်နဲ့"

" ဘာမှမဖြစ်ပါဘူးကွာ မောင်လုပ်ပေးချင်လို့"

မောင်က ပြောစကားလည်းနားမထောင်ပဲ ကြမ်းပြင်မှာထိုင်ကာ ခြေအိတ်ကိုသေချာချွတ်ပေးနေ၏။ ပြီးနောက်အကျီလက်ရှည်ကိုလည်းတံတောင်ဆစ်ထိခေါင်တင်ပေးပြန်သည်။

" မောင် "

" ဗျာ "

" မောင်နဲ့ဆွေးနွေးစရာရှိတယ်"

" ပြောလေ သဲငယ် "

" မောင်နဲ့ငါ အသက်ဘယ်လောက်ကွာလဲ "

" သုံးနှစ် "

" ငါအရင်မွေးလား မောင်အရင်မွေးတာလား "

" အချစ် အရင်မွေးတာပေါ့၊ ဒါပေမယ့် သဲငယ်ကိုချစ်တဲ့အချစ်က မောင့်စီမှာအရင်မွေးတာနော်"

" မောင်! စကားအကောင်းပြောမလို့ပါဆိုကွာ "

" ပြောပြော မောင်ကစတာ"

" ငါက အသက်ကြီးတယ်ဆိုတော့ မောင်သိထားဖို့က ငါလည်းစဉ်းစားဆုံဖြတ်တတ်တယ်၊ သတိလည်းထားတတ်တယ်၊ ဒါကို မောင်အများကြီးစိတ်ပူနေတာ ငါမကြိုက်ဘူးမောင်"

ဒီလိုပြောတော့မောင့်ရဲ့မျက်နှာလေးဟာညှိုးကျသွား၏။ မောင့်ရဲ့မရွှင်မပျတဲ့မျက်နှာလေးကိုမြင်ရတော့စိတ်မကောင်းဖြစ်မိပြန်သည်။

မောင့်မူပိုင် (Completed) Where stories live. Discover now