တစ်ချိန်က....
သီဟမင်းထင်တစ်ယောက် သူငယ်ချင်းမွေးနေ့ကြောင့် Bar ကိုထွက်လာခဲ့သည်။ လူငယ်တို့ရဲ့သဘာဝ လွတ်လွတ်လပ်လပ်သောက်ကြပျော်ကြမှာဖြစ်တာမို့ အဝတ်အစားကိုပါ ပေါ့ပေါ့ပါးပါးဖြစ်မည်ကိုရွေးဝတ်ခဲ့သည်။
" သီဟ လာကွာ မင်းကိုစောင့်နေကြတာ "
" အေးအေး "
ဧည်ခံသမျှ ထိုင်သောက်ပြီးပျော်ပါးနေကြသည်။ သိူ့သော် သီဟမင်းထင်ကတော့သောက်သာသောက်နေပြီးအေးဆေးသာထိုင်နေသည်။ သူ အခုလိုပျော်ပါးရတာကိုမကြိုက်။
သူငယ်ချင်းတွေရဲ့ဖိတ်ခေါ်မှုကြောင့်သာရောက်လာရခြင်းဖြစ်သည်။ ပျော်နေကြတာကိုမြင်ပြီး မျက်လုံးရှုပ်သည်ဟုသူထင်မိသည်။
ဖန်ခွက်ကိုကိုင်ကာ ဇိမ်နဲ့သောက်နေတုန်း မျက်လုံးထဲဝင်လာတဲ့လူတစ်ယောက်။ ထိုလူဟာ သူငယ်ချင်းတွေနဲ့အတူသောက်နေပြီး ပုံစံကိုကြည့်ရသလောက်ကတော့ အမြင့်ပိုင်းကဖြစ်မည်ထင်သည်။
ရှပ်အကျီအမည်းလက်တိုကို ဂျင်းဘောင်းဘီထဲထိုးထည့်ကာဝတ်ထားသည်။ အပြူအမူပုံစံကအစ တမူထူးခြားနေသည်ဟုထင်မိသည်။ ထိုစဉ် မြင်လိုက်ရတဲ့အရာတစ်ခုကြောင့် သီဟ ရင်ဘတ်ကိုပင် ဖိထားမိသည်။
ထိုလူကပြုံးလိုက်သည်။ ထိုအပြုံးကလူတိုင်းကိုစွဲမက်စေနိုင်သည်။ တစ်ခဏတာအပြုံးလေးပေမယ့် သဘောကျဖို့ရာကောင်းသည်။ မြင်ပြီးသည်နှင့်သီဟရဲ့နှလုံးသားတစ်စုံက ရင်ထဲလှုပ်ခတ်နေသည်။
ဒါဘာကြောင့်များလဲ။ ဘာလို့အခုလိုဖြစ်ရတာပါလဲ။ ပြုံးပြီးနောက် တည်သွားတဲ့မျက်နှာထားကဘာနဲ့မှမတူချေ။
" ဟိုကောင် သီဟ "
" ........... "
" ဒီကောင် ငုတ်တုတ်မေ့နေပြီလားမသိဘူး "
" ငပြည့် မင်း ဟိုဘက်က ခြေချိတ်ပြီးထိုင်နေတဲ့တီရှပ်အမည်းရောင်နဲ့တစ်ယောက်ကိုမင်းသိလား "
" သူလား သိတယ်လေ၊ Ala ပိုင်ရှင်ဆိုတာသူပဲ "
" ဟမ် "
" မင်း သိလောက်မယ်ထင်နေတာ၊ မင်းမသိတာတွေလည်းရှိသေးတာပဲ "
" သူ့အကြောင်း မင်းသိလား "
YOU ARE READING
မောင့်မူပိုင် (Completed)
RomanceMarriage Life လေးကို ပုံဖော်ထားပါတယ်။ သွေးထက်သံယိုဖြစ်ခြင်းများအနည်းငယ်ပါနိုင်ပါသည်။ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ဖန်တီးထားတာဖြစ်တဲ့အတွက် လက်တွေ့နဲ့ မသက်ဆိုင်ပါဘူး။ sweet တဲ့အပိုင်းပိုသွားမှာမို့ သဘောမကျပါက ကျော်သွားပေးဖို့ တောင်းဆိုပါရစေ။