Part-2

1.9K 307 99
                                    

အခန်း-၂

"အ.."

ရင်ဘတ်ထဲ ဆို့တက်လာတာကို တင်းတင်းဆုပ် ကိုင်လိုက်မိတယ်။ ကျွန်တော့်ပါးစပ်ကနေလည်း ညည်းညူသံ တချို့ ထွက်သွားတယ်။

"နောင်တ သတိရလာပြီလား.. ငါ မင်း သတိ ပြန်မရတော့ဘူး ထင်နေတာ"

အဲဒီစကားသံ ပြတ်ပြတ်ဟာ စိုင်းလွန်း ဆိုတဲ့ တစ်ယောက်။ စိုင်းလွန်းက ကျွန်တော်နဲ့ အတွဲမိဆုံး အဖွဲ့သားတစ်ယောက် ဆိုရင်လည်း မှန်တယ်။ ပြီးတော့ ကျွန်တော့်အတွက် ပီအေ လိုမျိုးလူ။ အခု အခြေအနေကို ကျွန်တော် သိနေသလိုပဲ။ ကျွန်တော် ထိုင်လိုက်တော့ ဆိုဖာပေါ်မှာ ဖြစ်နေတာကို သတိရလိုက်မိတယ်။

ပြီးတော့ ခုနက ရင်ဘတ်ကို ကိုင်လိုက်မိတဲ့လက်ကို ဖြန့်ကြည့်လိုက်မိတယ်။ သွေးတွေ..။ ကျွန်တော် မျက်မှောင်ကြုတ်လိုက်မိတယ်။

ကျွန်တော် မသေသွားဘူးလား။ ကျွန်တော် သေသွားတယ် မဟုတ်လား။

"ငါ ပစ္စည်းတွေကို ဦးစစ်ကို အပ်လိုက်ပြီ မင်းကို မေးနေသေးတယ်။ မင်း မပြောခိုင်းလို့ ငါ မပြောလိုက်ဘူး"

"ပစ္စည်းတွေ.."

စိုင်းလွန်း ပြောတာကနေ ခြေရာကောက်နေမိတယ်။ ဒါပေမဲ့ မူးဝေဝေနဲ့ အတွေးတွေက ရှုပ်ထွေးနေဆဲ ဖြစ်တယ်။

"အင်း ဒီတစ်ခေါက် သိုသိုသိပ်သိပ်နဲ့ ပြီးသွားလို့ ဦးစစ်က မင်းကို ဆုချချင်တယ်တဲ့ ပြောလိုက်သေးတယ်"

"သိုသိုသိပ်သိပ်နဲ့ ပြီးသွားလို့.."

ကျွန်တော် ပြန်အမှတ်ရလိုက်မိတယ်။ ဒီတစ်ကြိမ်က ကျွန်တော်အသက် ဆယ့်ခြောက်နှစ်တုန်းက ပစ္စည်းသွားလဲတဲ့ တစ်ကြိမ်ပဲ။ ပြီးတော့ အဲဒီတုန်းက ရင်ဘတ်မှာ ဓားနဲ့ အထိုးခံရတာ သေလုနီးပါး ဖြစ်သွားခဲ့တယ်။ ဒါပေမဲ့ မသေလိုက်ဘူး။

ကျွန်တော့်မှာ သေသင့်တဲ့ အချိန်တွေ အခေါက်ပေါင်း မရေနိုင်အောင် ကြုံဖူးတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ဦးစစ်လက်ထဲမှာ သေရမဲ့ ကံတရားကိုတော့ လက်မခံလို့ မဖြစ်ခဲ့တာနဲ့ တူတယ်။

ကျွန်တော် သေသွားပြီ။ ဒါပေမဲ့ လွန်ခဲ့ပြီးတဲ့ နှစ်တွေကို ကျော်ဖြန်ပြီးတော့ အသက်၁၆နှစ် အရွယ်ကို ပြန်ရောက်လာခဲ့တယ်။

မင်းကို မချစ်တော့ဘူး ဆိုတာ ငါညာတာ/မင်းကို မချစ်တော့ဘူး ဆိုတာ ငါညာတာWhere stories live. Discover now