အခန်း-၁၇
လွမ်းကုဋေ ဆိုတဲ့နာမည်ကို ကျွန်တော် သိပ်ရင်းနှီးတာပေါ့။ ပန်းမိုးကုဋေရဲ့အဖေ..။ လွမ်းကုဋေက အကူအညီ တောင်းလို့ ဆိုပြီးတော့ ဦးစစ်က ကျွန်တော်နဲ့သောက နှစ်ယောက်လုံးကို လွှတ်ပေးခဲ့တယ်။
အဲဒီတုန်းက ပန်းမိုးကုဋေကို ခေါ်လာပေးနိုင်ဖို့ ကျွန်တော်နဲ့သောကက တစ်လမ်းလုံး ရုန်းကန်ကြိုးစားခဲ့ရတာ။ သောကဆို သေနတ်တောင် မှန်သွားပြီးတော့ သေလုမြောပါးပဲ။
လွမ်းကုဋေအကြောင်း မမေးလိုက်မိရင် ကျွန်တော် အရင်တုန်းက အကြောင်းတွေ မေ့နေလောက်ပြီ။ အခုကျတော့ အဲလို မဟုတ်ဘဲ သတိတရတွေ ဖြစ်ရတယ်။
"လွမ်းကုဋေတစ်ယောက်ပဲ မင်းမြတ်အနားမှာ ကျန်နေခဲ့ပြီးတော့ နောက်ပိုင်းကို ငါ မသိတော့ဘူး.."
"ခင်င်္ဗျားတို့ အကုန်လုံး ဒီလိုတွေ လုပ်ခဲ့ကြတယ်ပေါ့.."
ဦးမျိုးဆွေက ရီဝေဝေနဲ့ ပြုံးတယ်။
"အချစ်နဲ့စစ်မှာ မတရားတာ မရှိဘူးလေကွာ.. တွယ်တာကို ရဖို့ဆိုရင် ငါ အဆုံးထိ ကြိုးစားခဲ့လို့ ကိုယ့်ကိုယ်ကိုယ် နောင်တမရဘူး ဒါပေမဲ့ ယောက်ျားကွ လုပ်ရဲရင် ခံရဲရမယ်။ ငါ မင်းမြတ်ကို သစ္စာဖောက်ခဲ့လို့ မင်းမြတ် ငါ့ကို သေခန်းပြတ်ခဲ့တယ်.. သိပ်နှမြောဖို့ ကောင်းပေမဲ့ နောင်တတော့ ငါ မရဘူး.."
"ဒီလို ပြောတဲ့အတိုင်းဆိုရင် တွယ်တာကလည်း သိပ်ပြီးတော့ မထူးဆန်းတဲ့ပုံပဲ.. အမှန်တရားက ဘာလဲ.."
"မင်းက သဇင်နီရဲ့သား လုံးဝကို ပီသနေတာပဲ.."
"တွယ်တာကလည်း တမင်သက်သက် ကိုယ်ဝန်ဆောင်ရအောင် လုပ်ပြီး အရှုပ်အထွေးတစ်ခုကို ဖန်တီးခဲ့တာပဲ.. တကယ်လို့သာ သူ့ကို မယူဘူးဆိုရင် မင်းမြတ်က သဇင်နီကိုပဲ ဖြစ်ဖြစ် သူ့ကိုပဲ ဖြစ်ဖြစ် အနစ်နာမခံခိုင်းဘူးဆိုတာကို တွယ်တာရော သဇင်နီရော ငါရောက သိတယ်လေ.. ဒါပေမဲ့ တွယ်တာ တွက်ထားတာ မှန်တယ်။ တစ်ချက် နှစ်ချက်လောက် ရိုက်ခံရပြီးတာနဲ့ မင်းမြတ်က တွယ်တာကို လက်ထပ်ယူဖို့ ပြင်ဆင်ခဲ့တယ်။ မင်းမြတ်က ငါတို့အပေါ်မှာ သိပ်ကောင်းပါတယ်.. ငါတို့ကသာ သူ့ကို ရှုပ်ထွေးစေခဲ့တာ"
YOU ARE READING
မင်းကို မချစ်တော့ဘူး ဆိုတာ ငါညာတာ/မင္းကို မခ်စ္ေတာ့ဘူး ဆိုတာ ငါညာတာ
Romanceလူဆိုးလေးတစ်ယောက်ရဲ့ မျိုသိပ်နိုင်မှု။ "ဦးစစ် ကျွန်တော့်ကို မယုံဘူး ဆိုရင် ဘာလို့ အနားကို ပြန်လာခဲ့ပါလို့ ပြောခဲ့သေးလဲ" အမှန်အတိုင်း ပြောရရင် အခုအချိန်မှာ ကျွန်တော်က သူ့ခေါင်း မော့လှန်လာအောင် ဒီလူရဲ့ဆံပင်ကို ဆွဲလှန်ပစ်လိုက်ပြီးမှ နမ်းပစ်လိုက်ချင်တာ...