အခန်း-၁၅
သတိုးမင်းခါးက မလိုလားသလို ဖြစ်ပေမဲ့ ယတိပြတ်ပြောလာတယ်။
“မေးတော့..”
“ကျွန်တော့်အမေ..”
“အင်း မင်းအမေ..”
ကျွန်တော် ပါးစပ်ဟလိုက်တုန်းမှာပဲ သတိုးမင်းခါးက စကားထောက်တယ်။
“ဘယ်လို လူမျိုးလဲ..”
“လက်သာယာပျော်တတ်တဲ့ကြောင်လိုမျိုး.. ချစ်ခြင်းတရားက အရေးမပါဘူးဆိုပြီးတော့ တခြားကိုမျှော်တတ်တဲ့မိန်းမမျိုး.. လုပ်ချင်တာလုပ်ပြီးရင် ငစစ်ကိုပဲ တာဝန်ယူခိုင်းတတ်တဲ့ အစ်မပေါ့”
“အစ်မ..”
“အင်း..”
အင်းဆိုပြီး သတိုးမင်းခါးက မီးခြစ်ကို လက်ထဲမှာ ထောက်ခနဲ ခြစ်လိုက် ပြန်မှိတ်လိုက် လုပ်နေတယ်။
“ခေါက်ဆွဲရပြီ..”
မီးဖိုခန်းတံခါးဝကနေ စိုင်းလွန်းက လှမ်းအော်တယ်။ သတိုးမင်းခါးက ကျွန်တော်ကို လှမ်းကြည့်ပြီးတော့ သူ့မျက်မှန်ကို သူ ပြန်ပင့်တင်တယ်။ ပြီးတော့ မီးဖိုခန်းဆီကို သွားလိုက်တယ်။
ကျွန်တော်ပါ လိုက်သွားတော့ ခေါက်ဆွဲက တစ်ပွဲတည်း။ ကျွန်တော်က ငတ်နေတာလည်း မဟုတ်တော့ ဒါကို အရေးမယူ မပြောတော့ဘဲနဲ့ သတိုးမင်းခါးရှေ့မှာ ဝင်ထိုင်လိုက်တယ်။
သတိုးမင်းခါးက မေးလေ ဆိုတဲ့သဘောနဲ့ မေးဆတ်ပြတယ်။ ပြီးတော့ တူကိုင်ပြီး ခေါက်ဆွဲစစားတယ်။
“အမေနဲ့ ဦးစစ်ကြားက ဆက်ဆံရေးက ဘာလဲ”
ဒီမေးခွန်းကိုကျတော့ သတိုးမင်းခါးက မဖြေချင်တဲ့ပုံစံနဲ့ မျက်မှောင်ကြုတ်တယ်။
“မောင်နှမ၊ Sex Pataner၊ ပြီးတော့ လိုသုံး.. အားလုံး ခေါ်လို့ရတယ်”
“ဒီထက်ပိုပြီး ရှင်းရှင်းလင်းလင်း ပြောပြ..”
ကျွန်တော် ပြောလိုက်တော့ သတိုးမင်းခါးက ပန်းကန်ထဲက ခေါက်ဆွဲ ထပ်တစ်လုတ်ကို စားတယ်။
“မင်းအမေ သဇင်နီက ငစစ်ကို သူ လိုတဲ့နေရာတိုင်းမှာ သုံးတယ်။ တစ်ခါတလေ မောင်လေးလို သုံးတယ်။ တစ်ခါတလေ သူလိုလာရင် ကုတင်ပေါ်မှာ သုံးတယ်။ ကြားလို့တော့ မကောင်းဘူး ဒါက အမှန်ပဲ။ နောက်ဆုံး သူလိုချင်တဲ့ကောင်အတွက် ငစစ်ကို ရောင်းစားသွားသေးတယ်”
YOU ARE READING
မင်းကို မချစ်တော့ဘူး ဆိုတာ ငါညာတာ/မင္းကို မခ်စ္ေတာ့ဘူး ဆိုတာ ငါညာတာ
Romanceလူဆိုးလေးတစ်ယောက်ရဲ့ မျိုသိပ်နိုင်မှု။ "ဦးစစ် ကျွန်တော့်ကို မယုံဘူး ဆိုရင် ဘာလို့ အနားကို ပြန်လာခဲ့ပါလို့ ပြောခဲ့သေးလဲ" အမှန်အတိုင်း ပြောရရင် အခုအချိန်မှာ ကျွန်တော်က သူ့ခေါင်း မော့လှန်လာအောင် ဒီလူရဲ့ဆံပင်ကို ဆွဲလှန်ပစ်လိုက်ပြီးမှ နမ်းပစ်လိုက်ချင်တာ...