မင်းကို မချစ်တော့ဘူးဆိုတာ ငါညာတာ-22
Gense: Urban, BL, Mafira, Romance.
Craetor- စွဲညို့
(ဖန်တီးမှုကို နှစ်သက်ပါက Like, Share, Comment ပေးပါရန်)
တစ်ဖက်ကနေ ဦးလွမ်းကုဋေရဲ့အသံကို ကြားလိုက်ရတော့ ကျွန်တော် ဖျင်းခနဲ လက်သီးဆုပ်လိုက်မိတယ်။ ဦးစစ်က ကျွန်တော် ဖြစ်သွားတာကို တွေ့တော့ လက်ကာပြီးတားဆီးတယ်။ ပြီးတော့ ထရပ်လာပြီးတော့ ကျွန်တော့်အနားထိ လျှောက်လာတယ်။ စိတ်လျှော့ဆိုတဲ့ သဘောနဲ့ ကျွန်တော့ပခုံးကို အသာပုတ်တယ်။
အိုကေ စိတ်လျှော့လိုက်ပြီ။
ဦးစစ်ရဲ့အသံကြည်ကြည်က ထွက်ပေါ်လာတယ်။
"အစ်ကိုလွမ်း ဘာဖြစ်တာလဲ.. တစ်ခုခု ရှိလို့လား.."
"တစ်ဖက်က အုပ်စုတွေ ငါ့အဖွဲ့ထဲကို စိမ့်ဝင်နေတာ ငါ သိတာ နောက်ကျသွားလို့ ငါ့သမီးကို မင်းဆီ ခဏပို့ထားချင်တယ် မင်း ယုံရတဲ့လူတချို့နဲ့ လာခေါ်ပေးနိုင်မလား.."
ထိုမေးခွန်းက.. ဟိုးအရင်ဘဝတုန်းကအတိုင်း.. တစ်လုံးမှမလွဲနေခဲ့..။ မတူညီတာက အခု ကြားနေရတာက ဦးစစ်နဲ့အတူတူ ဖြစ်ပေမဲ့ အရင်ဘဝတုန်းကတော့ ဦးစစ်က အသံသွင်းထားတာကို ပြန်ကြားခဲ့ရတာပဲ ဖြစ်တယ်။
"မင်း ငါ့ကို ဒီထက်ရှင်းအောင် ပြောပေးနိုင်မလား ဒီတာဝန်က ဘယ်လောက်ကြီးလိုက်သလဲ.."
ဦးစစ်က ပြန်မေးတယ်။
"ငါ မင်းရဲ့အကူအညီ လိုတယ် မင်းမြတ် ငါ့သမီးလေးကို အချိန်အတိုင်းအတာ တစ်ခုအထိ စောင့်ရှောက်ပေးဖို့.. ငါ မင်းကို ငါ့လုပ်ငန်းရဲ့နယ်မြေတချို့နဲ့ စက်ရုံတစ်ခု လွဲပေးနိုင်ပါတယ်.."
"အစ်ကိုလွမ်း.. ကူညီပေးမယ် ဆိုရင် ဒါတွေက မလိုပါဘူး အခု ကျွန်တော် သိချင်တာက ဘယ်အဖွဲ့က အစ်ကိုလွမ်းကို အခုထိ ယိုင်သွားအောင် လုပ်နိုင်မှာလဲ ဆိုတာနဲ့ အခြေအနေက ဘယ်အထိ လက်လွန်နေပြီ ဆိုတာကိုပါ.. သိတဲ့အတိုင်း ကျွန်တော့်သားတွေကို လွတ်လိုက်ဖို့ ဆိုတာက.. သူတို့ကလည်း အသက်တစ်ခုစီပဲလေ"
ဦးစစ်က အမြဲတမ်း ရှင်းလင်းစွာ ပြောတတ်သူ ဖြစ်တယ်။ ဘယ်သောအခါကမှ ကွေ့ဝိုက်မနေတတ်ခဲ့သူသာ..။ လိုရင်းကို ပြောမယ်။ ဒါမှမဟုတ် ဘယ်သူမှ ခန့်မှန်းလို့ မရအောင် ငြိမ်သက်နေလိုက်မယ်။ အဲဒီအတိုင်းသာ...။
YOU ARE READING
မင်းကို မချစ်တော့ဘူး ဆိုတာ ငါညာတာ/မင္းကို မခ်စ္ေတာ့ဘူး ဆိုတာ ငါညာတာ
Romanceလူဆိုးလေးတစ်ယောက်ရဲ့ မျိုသိပ်နိုင်မှု။ "ဦးစစ် ကျွန်တော့်ကို မယုံဘူး ဆိုရင် ဘာလို့ အနားကို ပြန်လာခဲ့ပါလို့ ပြောခဲ့သေးလဲ" အမှန်အတိုင်း ပြောရရင် အခုအချိန်မှာ ကျွန်တော်က သူ့ခေါင်း မော့လှန်လာအောင် ဒီလူရဲ့ဆံပင်ကို ဆွဲလှန်ပစ်လိုက်ပြီးမှ နမ်းပစ်လိုက်ချင်တာ...