Part 10

1.1K 205 19
                                    

အခန်း-၁၀

နောက်တစ်ပတ်မှာလည်း အဲဒီပန်းဆိုင်ကလူက ရောက်လာသေးတယ်။ အဲဒီလူက အများကြီး ပြင်ဆင်ခဲ့တာဗျ။ ဒါကြောင့်မို့ အဲဒီလူကို ပြောလိုက်တယ်။

"ကျွန်တော်က တကယ်ကို မျိုသိပ်တယ် ဆို်ပေမဲ့ ဒီလိုမျိုးတွေ လုပ်ဖို့အထိ မလိုဘူး မဟုတ်လား"

ဒီနေ့ အဲဒီပန်းသည်က ကျွန်တော့်ဆီကို အိပ်မွေ့ချဖို့ ပစ္စည်းတွေ ယူလာတာဗျ။ ကျွန်တော် မငြင်းလို့ မရဘူး။ မငြင်းဘူးဆိုရင် သူမေးသမျှတွေသာ ကျွန်တော် ဖြေလိုက်မိရင် ကျွန်တော် သေတွင်းထဲ အလိုလို ရောက်သွားလိမ့်မယ်။

ဒါက အဲဒီပန်းသည်ကို လက်လျော့စေဖို့ မလုံလောက်ဘူး။ ကျွန်တော်ကလည်း မပူးပေါင်းနိုင်ဘူး။ ကျွန်တော့်ကို ပူးပေါင်းဖို့ သူက ညှိနှိုင်းချင်တဲ့ပုံပဲ။

"ဒါက မင်းကို အိပ်ပျော်စေရုံပါပဲ"

"ကျွန်တော် မယုံဘူး"

"ငါ သိတယ်။ မင်းက လူတိုင်းကို မယုံဘူး။ မသိရင် မင်းမြတ်ရဲ့ပုံစံအတူ အတိုင်းပဲ။ ဒါပေမဲ့ မင်းမြတ်က မယုံရင်တောင်မှ မယုံရတဲ့ကိစ္စတွေကို ထားလိုက်နိုင်တယ်။ မင်းကတော့ လူတိုင်းကိုလည်း မယုံဘူး။ ရင်းနှီးတယ်လို့ သတ်မှတ်ထားတဲ့သူလည်း မရှိဘူး။ မင်းရင်ထဲက ကိစ္စတွေကို မျိုချလိုက်ရုံနဲ့ တချို့ကိစ္စတွေက ပြီးသွားမှာ မဟုတ်ဘူး"

"ကျွန်တော်က ဘယ်သူ့ကိုမှ မယုံဘူးလား"

ကျွန်တော် ယောင်နနနဲ့ ပြန်မေးလိုက်မိတယ်။ အဲဒီပန်းသည်က ခေါင်းညိတ်လေရဲ့။

"မင်း ဘယ်သူ့ကိုမှ မယုံဘူး"

"ကျွန်တော်က.. အဲလိုလူမျိုးကိုး.."

ကျွန်တော် ရေရွတ်လိုက်တော့ ပန်းသည်က ကျွန်တော့်ကို ငေးကြည့်နေတယ်။ ဘာစကားမှ စမပြောဘဲ တွေးခွင့် ပြုထားတယ်။ ကျွန်တော် ငြိမ်ငြိမ်သက်သက်လေး တွေးနေလိုက်မိတယ်။

အရင်ဘဝတုန်းက အကြောင်းကို ဆက်တိုက်တွေးလိုက်မိတယ်။ အရင်တုန်းကလည်း ကျွန်တော်က အဲဒီလိုမျိုးပဲ ဘယ်သူ့ကိုမှ မတိုင်ပင်ခဲ့ဘူး။ သောကကိုတောင်မှ မတိုင်ပင်ခဲ့တဲ့ ကိစ္စတွေ အများကြီးပဲ။

မင်းကို မချစ်တော့ဘူး ဆိုတာ ငါညာတာ/မင်းကို မချစ်တော့ဘူး ဆိုတာ ငါညာတာWhere stories live. Discover now