အခန်း-၁၃
(အိုကေ ထုံးစံအတိုင်း ဆိုပေမဲ့ ကိုယ်လေး လူဦးရေ နည်းနည်းတိုးမယ်နော်။ အရင်လိုပဲ။ (၅၀) ပြည့်တာနဲ့ ကိုယ်အသစ်တစ်ပိုင်းတင်ပေးမယ်)
နောင်တက ပစ်မှတ်နေရာကို ရောက်တာနဲ့ ဆိုင်ကယ်ကို မမြင်ရတဲ့နေရာရှာပြီးတော့ ထိုးရပ်လိုက်တယ်။ ပြီးတာနဲ့ ဆိုင်ကယ်သော့ကို ရေမြောင်းထဲကို ပစ်ထည့်လိုက်တယ်။ သောကဆီကို ဆိုင်ကယ်ရဲ့တည်နေရာကို ပို့ပေးလိုက်တယ်။
သူ့အပိုင်ဝန်းကျင်ထဲက ဆိုင်ကယ်ကို သူ့ဖာသာသူ လာယူလိမ့်မယ်။ သော့ကတော့ ထုံးစံအတိုင်း မလိုဘူး။ မယူသွားနိုင်ရင်လည်း ဒါက ကျွန်တော့်ကိစ္စမဟုတ်ဘူးလေ။
ပစ်မှတ်နေရာက တိုက်ခန်းတစ်ခုပဲ။ အလယ်အလတ်တန်း တိုက်ခန်းတစ်ခု ဖြစ်တယ်။ လူသွားလူလာက သိပ်မရှုပ်သလို သိပ်လည်း မကျဲဘူး။ ဒီတော့ ကျွန်တော် လည်ရင် လည်သလို ဒီတိုက်ခန်းထဲက ဆွေးနွေးမှုကို ကြားနိုင်တယ်။
နောက်ထပ် အသေးစိတ်ကိစ္စကတော့ တိုက်ခန်းနဲ့ အနီးဆုံးကို သွားဖို့ ကိစ္စပဲ။ အရင်ဘဝတုံးက သိပ်အနီးမကပ်ခဲ့လို့ သေချာမကြားခဲ့ရဘဲနဲ့ ကြားရသလောက်ကိုသာ ဆက်စပ်ခဲ့ရပြီးတော့ ကျွန်တော်က အနီးစပ်ဆုံး ခန့်မှန်းနိုင်ခဲ့ပေမဲ့ တချို့သော လွဲချော်မှုလေးတွေကို ကြုံတွေ့ခဲ့ရတယ်။
ကျွန်တော်က ဒီတစ်ဘဝမှာတော့ ကိုယ်တိုင်က ကြိုသိနေလျက်သားကနေ ဒီလိုမျိုး အမှားမျိုး ထပ်လုပ်တော့မှာ မဟုတ်ဘူး။ သေချာပေါက် ပိုပြီးတော့ ကြားရတဲ့နေရာကို သွားရမယ်။
ကျွန်တော်နဲ့ စိုင်းလွန်း နှစ်ယောက်သား တိုက်ခန်းတတိယထပ်ဆီကို လမ်းလျှောက် တက်သွားပြီးတော့ အရေးပေါ် သံလှေကားကနေ တွယ်ခိုလိုက်ကြတယ်။ အရေးပေါ်သံလှေကားက နဲ့နဲ့လေး။ မသိရင် မူလီတွေအားလုံး ပြုတ်ထွက်ပြီး နှစ်ယောက်သား ပြုတ်ကျတော့မလိုပဲ။
လေးထပ်မြောက် ပြတင်းပေါက်ဆီကို ရောက်တော့ ဝံရံတာက အမျိုးသားတွေ သုံးထားတာ ပီသတဲ့ တိုက်ခန်းတစ်ခုဆိုတာ သိသိသာသာပဲ ဆေးလိပ်တိုတွေ အမှိုက်တွေတွေနဲ့ ရှုပ်ပွနေတယ်။ စိုင်းလွန်းက ဝရံတာပေါ်ကို ဆင်းလာပြီးတော့ မက်စ်တပ်တယ်။
YOU ARE READING
မင်းကို မချစ်တော့ဘူး ဆိုတာ ငါညာတာ/မင္းကို မခ်စ္ေတာ့ဘူး ဆိုတာ ငါညာတာ
Romanceလူဆိုးလေးတစ်ယောက်ရဲ့ မျိုသိပ်နိုင်မှု။ "ဦးစစ် ကျွန်တော့်ကို မယုံဘူး ဆိုရင် ဘာလို့ အနားကို ပြန်လာခဲ့ပါလို့ ပြောခဲ့သေးလဲ" အမှန်အတိုင်း ပြောရရင် အခုအချိန်မှာ ကျွန်တော်က သူ့ခေါင်း မော့လှန်လာအောင် ဒီလူရဲ့ဆံပင်ကို ဆွဲလှန်ပစ်လိုက်ပြီးမှ နမ်းပစ်လိုက်ချင်တာ...