Part 11

1.1K 216 67
                                    

အခန်း-၁၁

ဒီတော့ အဲဒီပန်းသည်ကို ခေါ်ပြီး သောကရှိတဲ့နေရာကို သွားလိုက်ရတယ်။ ပန်းသည်က ဘယ်လို အကြောင်းပြချက် ပေးလိုက်လဲ မသိပေမဲ့ ဦးစစ်က စိုင်းလွန်းကိုတော့ ခေါ်သွားခိုင်းတယ်။ အမှန်ဆိုရင် ကျွန်တော်က ကျွန်တော့်အနားမှာ တခြားသူတစ်ယောက် ရှိပြီး လှုပ်ရ ရှားရ ခက်တာကို သဘောမကျဘူး။ ဒါပေမဲ့ ဦးစစ်က စိုင်းလွန်းကိုမှ မခေါ်သွားရင် ဘယ်မှမသွားရဘူးတဲ့။

ကြည့်ရတာတော့ ဦးစစ်က ကျွန်တော် အိမ်အပြင်ရောက်သွားတာနဲ့ ပန်းသည်ကို ချောင်ထိုးထားခဲ့မှာကို သိနေတဲ့ပုံပဲ။ အေးပေါ့လေ သူက မင်းစစ်မင်းမြတ်ကိုး။

ပန်းသည်ကို ခေါ်ပြီးတော့ သောကရှိတဲ့နေရာကို ရောက်သွားတယ်။ ရောက်သွားတော့ သောကက ကျွန်တော် ရောက်လာတာကို မယုံနိုင်ဖြစ်နေတယ်။

တခြားသူတွေကတော့ ကျွန်တော့်ကို အသိအမှတ်ပြုသလို တစ်ချက်တည်းနဲ့ ပြီးသွားပေမဲ့ သောကက တကယ့်အကြောင်းအရင်းကို သိတဲ့သူဖြစ်တယ်။ ဦးစစ်က ကျွန်တော့်ကို အိမ်ထဲမှာ ပိတ်ထားတာကို ကျွန်တော်က လူတစ်ယောက်နဲ့ တွဲခုတ်ပြီးတော့ ရောက်လာတယ်လို့ ထင်သွားတဲ့ပုံပဲ။

သူက ပန်းသည်ကို ကျွန်တော်တွဲနေတဲ့ကောင်လေး ဆိုပြီးတော့ ထင်သွားပုံပဲ။ နှစ်ယောက်လုံးကို လွတ်နေတဲ့ သီးသန့်ခန်းထဲကို ဆွဲထည့်လိုက်ပြီးတော့ စမေးတယ်။

“မင်း ဘယ်လို ထွက်လာတာလဲ။ မင်း ထွက်လာရင်လည်း ငါ့ဆီ မလာနဲ့လေကွာ ဦးစစ် သိသွားရင် မင်းက ငါ့ကိုပါ ဆွဲချချင်နေတာပဲ”

ဒါပေါ့။ ဒါက သောကပဲ။ ကျွန်တော်က ဦးစစ်ကို ကြောက်တာထက် မပိုတဲ့ ကြောက်ခြင်းတရားမျိုးက သောကဆီမှာလည်း ရှိတယ်လေ။ ကြည့်ရတာ ကျွန်တော်တို့ ဘယ်လို ကြီးပြင်းခဲ့တာလဲ ဆိုတာကို အစကနေ အဖြေပြန်ရှာကြဖို့ လိုလာပြီနဲ့ တူပါရဲ့။ ဘာလို့များ အကုန်လုံးက ဦးစစ်ကို ကြောက်နေရတာပါလိမ့်။ ဒီအကြောက်တရားကနေ လွန်ဆန်ပစ်နိုင်ဖို့က ဖြစ်နိုင်ပါအုံးမလား။

“ငါ မင်းဆီမှာ အပ်ထားစရာ ရှိလို့..”

သောကက ဟက်ခနဲ ထရယ်ပစ်လိုက်ပြီးတော့ ပြောတယ်။

မင်းကို မချစ်တော့ဘူး ဆိုတာ ငါညာတာ/မင်းကို မချစ်တော့ဘူး ဆိုတာ ငါညာတာOpowieści tętniące życiem. Odkryj je teraz