အခန်း-၅
ကျွန်တော် စပြေးပြီ ဆိုတာနဲ့ အရင်ဆုံနေကျ နေရာဆိုတာကို ကျွန်တော် အတွေးထဲကနေ ထုတ်လိုက်တာပဲ။ တောင်ကြီးကနေ ကလောကို ရောက်သွားခဲ့တယ်။ ပြီးတော့ အရင်ဘဝမှာ မသွားဖူးတဲ့ တစ်ယောက်တည်း ခရီးသွားခြင်းကို လုပ်နေမိတယ်။
ကလောကနေ ပြင်ဦးလွင်၊ ပြင်ဦးလွင်ကနေ နောက််ထပ် နောင်ချို၊ နေရာတော်တော်များများကို တစ်ယောက်တည်း လေလွှင့် ခရီးသွားနေခဲ့တယ်။
ဦးစစ်က အစပိုင်းမှာ သူ့လူတွေကို လမ်းကြုံ လိုက်ရှာခိုင်းတယ်။ နောက်တော့ အငယ်တန်းအဖွဲ့လေးတွေကို လိုက်ဖမ်းခိုင်းတယ်။ နောက်ဆုံးကျတော့ သူ့အနီးဆုံးမှာ ရှိတဲ့သူတွေနဲ့ ဦးစစ်က ကျွန်တော့်ကို ပြန်လည်ဆင့်ခေါ်ခဲ့ပါတယ်။
ဦးစစ်ရဲ့ ဆင့်ခေါ်ပုံက ယဉ်တယ်။ ပြောရရင် တစ်မူလည်း ထူးခြားတယ်။ ကျွန်တော့်ကို အိတ်နဲ့ ထည့်ပြီးတော့ ဦးစစ်ရဲ့ အိမ်တော်ကို ထမ်းခေါ်သွားခြင်းကို ခံလိုက်ရတာပဲ ဖြစ်တယ်။
ဦးစစ်မှာ ကိုယ်ပိုင်တိုက်ခန်းနဲ့ အိမ်တော် ဆိုပြီးတော့ ရှိတယ်။ အိမ်တော်ကကျတော့ မန္တလေး မြို့ပေါ်မှာ ရှိတာ ဖြစ်ပြီးတော့ တိုက်ခန်းကကျ ဘယ်သူမှ မသိတဲ့တစ်နေရာမှာ ဖြစ်တယ်။
ဘုတ်ခနဲ ပစ်ချခံလိုက်ရအပြီးမှာတော့ အမြင်အာရုံကို ကွယ်ထားတဲ့ အဝတ်စကို ဖယ်ရှားခံလိုက်ရတယ်။ အစတည်းက ကျွန်တော့်ကို ခေါ်လာတဲ့သူတွေကို သိသားပဲ။ သိလို့ပဲ အဲဒီကောင်တွေကို အသေမသတ်လိုက်ဘဲ နည်းနည်းလောက် အလျော့ပေးလိုက်တာ ဖြစ်တယ်။
ကျွန်တော့်ကို ဖမ်းခေါ်လာတဲ့ ကောင်တွေကို ခုခံပြီး အနာတရရအောင် လုပ်လိုက်လို့ ဘာအကျိုးမှ မထူးဘူး။ ဒီကောင်တွေက ဦးစစ်ရဲ့ လက်ရွေးစင်တွေချည်းပဲ။ တစ်ယောက်လောက် ထိသွားတာနဲ့ ဦးစစ်ကို ကာကွယ်သူ တစ်ယောက် လျော့သွားလိမ့်မယ်။ ကျွန်တော်က ဘယ်လိုလုပ် အဲကောင်တွေကို ထိခိုက်အောင် လုပ်နိုင်မလဲ။
အဲဒါနဲ့ပဲ ကျွန်တော့်ကို အလွယ်တကူ ဖမ်းမိလိုက်တယ်လို့ ဒီကောင်တွေကတော့ တွေးနေလောက်တယ်။ အသုံးမကျ လိုက်ကြပုံများ..။ ကျွန်တော်သာ သူတို့ကို သတ်လိုက်ချင်တယ် ဆိုရင် သူတို့က သေပုံသေနည်းတောင် ရွေးခွင့်ရလိုက်ကြမှာ မဟုတ်ဘဲနဲ့။
YOU ARE READING
မင်းကို မချစ်တော့ဘူး ဆိုတာ ငါညာတာ/မင္းကို မခ်စ္ေတာ့ဘူး ဆိုတာ ငါညာတာ
Romanceလူဆိုးလေးတစ်ယောက်ရဲ့ မျိုသိပ်နိုင်မှု။ "ဦးစစ် ကျွန်တော့်ကို မယုံဘူး ဆိုရင် ဘာလို့ အနားကို ပြန်လာခဲ့ပါလို့ ပြောခဲ့သေးလဲ" အမှန်အတိုင်း ပြောရရင် အခုအချိန်မှာ ကျွန်တော်က သူ့ခေါင်း မော့လှန်လာအောင် ဒီလူရဲ့ဆံပင်ကို ဆွဲလှန်ပစ်လိုက်ပြီးမှ နမ်းပစ်လိုက်ချင်တာ...