Part 3

1.5K 284 93
                                    

အခန်း-၃

"ထတော့ နောင်တ ထတော့.. ဦးစစ်လာတယ်"

"ဘာ.."

စိုင်းလွန်းက ကြောက်လန့်တကြားနဲ့ အခန်းထဲကို ပြေးဝင်လာတယ်။ ကျွန်တော်လည်း လဲအိပ်နေရာကနေ ထရပ်လိုက်တယ်။ ဒဏ်ရာက နည်းနည်း နာသွားပေမဲ့ အကျႌမဝတ်ထားတာကို အရင်ဆုံး ဖြေရှင်းဖို့ လိုတယ်။

ကျွန်တော် ထပြီးတော့ အကျႌတစ်ထည် ရှာပြီး ကောက်စွပ်လိုက်တယ်။ အကျႌစွပ်နေချိန်မှာ တိုက်ခန်းတံခါးက ပွင့်လာတယ်။

အရင်ဘဝတုန်းက ဦးစစ်က ကျွန်တော့် တိုက်ခန်းကို ရောက်လာဖူးတယ် ဆိုတဲ့ အဖြစ်အပျက်မျိုး တစ်ခါမှ မကြုံဖူးဘူး။ ပြီးတော့ ကျွန်တော်ကိုယ်တိုင်ကလည်း ဒဏ်ရာရထားလို့ပါ ဆိုတဲ့ ဆင်ခြေနဲ့ ဦးစစ်ရှိနေတဲ့ နေရာကို မသွားတာမျိုး တစ်ခါမှ မလုပ်ဖူးဘူး။

ဦးစစ်က တိုက်ခန်းထဲကို ဝင်လာတယ်။ အသားဖျော့ရောင် ရှပ်နဲ့ စတိုင်ပဲန်နဲ့ သေသေသပ်သပ် ဖြီးထားတဲ့ ဆံပင်ပုံစံနဲ့ မင်းစစ်မင်းမြတ်ဆ်ိုတာက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပါပဲ။ အင်း ပြောရရင် ကျွန်တော်ကလည်း လူပျိုပါပဲလေ။ အပျိုလေး မဟုတ်ပေမဲ့ ကျွန်တော်ကလည်းပဲ..။ ထားပါတော့..။

ဦးစစ်ကို လှမ်းကြည့်နေတုန်း ဦးစစ်က သူ့ကို မော့ကြည့်လာတယ်။ ဖိနပ်မချွတ်ဘဲ ဆိုဖာမှာ ဝင်ထိုင်ပြီးတော့ မေးလာတယ်။

"မင်း ဒဏ်ရာရထားတယ် ဆိုလို့ ကြီးကြီးမားမား ထင်နေတာ အပျင်းခိုနေတာပဲ"

ဦးစစ်ရဲ့ လေသံက ငြိမ်တယ်။ ပြီးတော့ တိုးတယ်။ ညင်လည်း ညင်သာတယ်။ ဒါပေမဲ့ အပြစ်တင်လိုက်တာမှန်းတော့ ကျွန်တော် သိသေးတယ်။ ဒါပေမဲ့ ကျွန်တော် ဘယ်လို တုံ့ပြန်ရမလဲ ဆိုတာ မသိဘူး။ ပြီးတော့ ဓားဒဏ်ရာ ဟုတ်တယ် ဓားဒဏ်ရာဆိုတာက ဦးစစ်အတွက် ကြီးကြီးမားမား မဟုတ်ဘူး။

လက်ရှိအခြေအနေမှာ ဦးစစ်ကို တွေ့ဖို့ ကျွန်တော် အဆင့်သင့် မဖြစ်သေးဘူး။ လက်ခလယ်မှာ ဥဿဖရားလက်စွပ််ကို စွပ်ထားလေ့ ရှိတဲ့ ညာလက်ကို ငေးကြည့်လိုက်မိတယ်။ ဒီလက်ရဲ့ လက်ညိုးလေးကနေ ကျွန်တော့်အတွက် သေခြင်းတရားကို ယူဆောင်လာမှာ ဆိုတာကို အမှတ်ရမိတော့ ပြုံးလိုက်မိတယ်။

မင်းကို မချစ်တော့ဘူး ဆိုတာ ငါညာတာ/မင်းကို မချစ်တော့ဘူး ဆိုတာ ငါညာတာWhere stories live. Discover now