Part 21

473 62 0
                                    

မင်းကို မချစ်တော့ဘူးဆိုတာ ငါညာတာ-21

Gense: Urban, BL, Mafira, Romance.

Craetor- စွဲညို့

(ဖန်တီးမှုကို နှစ်သက်ပါက Like, Share, Comment ပေးပါရန်)

ကျွန်တော် သတိုးမင်းခါးဆီကို တိုးသွားလိုက်တယ်။ သတိုးမင်းခါးက ကျွန်တော်ကို ဒီလိုတော့ ဖြစ်မှာပဲ ဆိုတဲ့ မျက်နှာထားမျိုးနဲ့ စိုက်ကြည့်နေပြီး ချာခနဲ လှည့်သွားဖို့ ပြင်တယ်။ ကျွန်တော် သူ့အနောက်ကနေ ခြေလှမ်းကျဲနဲ့ လိုက်သွားပြီးတော့ သူ့လက်ကို ဖမ်းဆွဲလိုက်တော့ သူက ကိုယ်ကို ယိမ်းလိုက်ပြီးတော့ ရှောင်တယ်။

"ခင်ဗျား သိနေတာလား ခင်ဗျား.."

"အင်း ငါရောပဲလေ.."

သောက်လခွမ်းပဲ။ ငါရောပဲလေ ဆိုတာကို ပြုံးပြီးမှ ပြောနေတာလား။ ဘီလူးတွေ ပြုံးတာ မလှဘူးဟ။

"ဒါဆို ခင်ဗျား.. ခင်ဗျားလည်း.. နေအုံး နေအုံး ကျွန်တော် အချိန်ယူဖို့ လိုတယ်.."

ကျွန်တော် လက်ပြတားလိုက်ပြီး ခေါင်းကို ဆုပ်ဆွဲလိုက်မိတယ်။

"ဒီတော့ ဆိုလိုတာက ခင်ဗျားကလည်း သေဖူးတယ်ပေါ့ ဟုတ်လား.."

သတိုးမင်းခါးက မူလအတိုင်း မပြောင်းမလဲတဲ့ ဟန်ပန်နဲ့..

"အင်းလေ ထူးဆန်းလို့လား မင်းတောင် သေဖူးသေးတာကို.."

ဒီလိုစကားမျိုးက ဆေးလိပ်မီးညှိရင်း ပြောနေတာက မဖြစ်သင့််ဘူးလားလို့။

"ဒီတော့ ခင်ဗျား ဘာဆက်လုပ်မှာလဲ.. ခဏ ခဏလေး ခင်ဗျား ဘယ်လို သေသွားတာလဲ ဆိုတာကို အရင်ပြော.."

"မင်းဆီ သွားရင်းနဲ့.."

"ကျွန်တော့်ဆီကို.. ဘာကို ကျွန်တော့ဆီကိုလဲ.. ကျွန်တော်က.."

သတိုးမင်းခါးက ပခုံးတွန့်ပြလိုက်ပြီးတော့.. ဆက်ပြောတယ်။

"မင်းဆုံးသွားတော့ ငစစ်က မင်းကို ကောင်းကောင်းမြေမြှုပ်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်.. သင်္ချိုင်းနေရာ ဝယ်ပြီးတော့ သေသေချာချာ လုပ်ပေးခဲ့တာ ပြီးတော့ သူ လတိုင်းသွားတဲ့နေရာလည်း ဖြစ်လာတယ် ရှစ်လလောက်ကြာတော့ ငါတို့တွေ လွမ်းကုဋေရဲ့ကိစ္စကို အစဆွဲမိတယ်"

မင်းကို မချစ်တော့ဘူး ဆိုတာ ငါညာတာ/မင်းကို မချစ်တော့ဘူး ဆိုတာ ငါညာတာWhere stories live. Discover now