အခန်း-၇
ထွက်ပြေးတာက အကောင်းဆုံး နည်းလမ်းပဲ။ ဒါပေမဲ့ လက်ရှိမှာ ဦးစစ်က ဒဏ်ရာရထားတယ်။ ပြီးတော့ ဒီနှစ်ရဲ့ အခြေအနေကို ကျွန်တော် မှတ်မိသေးတယ်။
ဦးစစ်ရဲ့ တပ်စိတ်တစ်စိတ်က အလဲအလှယ်တစ်ခုမှာ ကျရှုံးခဲ့တယ်။ ပြီးတော့ တစ်ယောက်ပဲ ပြန်လွှတ်လာတယ်။ အဲတစ်ယောက်ကလည်း တကယ်တမ်းကျတာ့ သူလျိုဖြစ်သွားတာပဲ ဖြစ်တယ်။
ဦးစစ် ဆီကနေ အရှေ့အာရှအတွက် ဆက်သွယ်ရေးကွန်ယက်ကို လိုချင်နေခဲ့ကြတာ ဖြစ်ပြီးတော့ သူတို့က ဦးစစ်ကို ပြန်ပေးဆွဲဖို့ ကြိုးစားခဲ့တာလည်း ဖြစ်တယ်။
ကျွန်တော့်ရဲ့ အရင်ဘဝမှာ ဦးစစ်ဒဏ်ရာရတယ် ဆိုတော့ အနားကိုလည်း မကပ်ရဲခဲ့ဘဲ မနီးမဝေးမှာသာ မျက်စိဒေါက်ထောက် စောင့်ကြည့်နေခဲ့တာ ဖြစ်တယ်။ ဦးစစ်နဲ့ အနီးကို မသွားခဲ့ပေမဲ့ အဆက်မပြတ် စောင့်ကြည့်နေခဲ့ပြီးတဲ့နောက်မှာ သင်္ကာစရာ အပြုအမူတွေ လုပ်နေတဲ့သူကိုတော့ သတိထားမိခဲ့တယ်။
ဦးစစ်ကို နောက်ကွယ်ကနေ ကြိုးကြိုးစားစား သတိပေးပြီးတဲ့နောက်မှ ကျွန်တော်က အဲဒီလူကို သေသေချာချာ ကိုင်တွယ်လိုက်တယ်။ ဦးစစ်တောင် မသိလိုက်ဘဲနဲ့ အဲဒီလူက လူလောကကနေ ထွက်ခွာသွားပြီးတဲ့နောက်မှာ ဦးစစ်ကို ပြန်ပေးဆွဲဖို့ ကြိုးစားခဲ့တဲ့သူတွေရဲ့ အဖွဲ့ဟာလည်း မြန်မာနိုင်ငံ အခြေစိုက်ဌာနကနေ ကွယ်ပျောက်သွားရတယ်။
အရာအားလုံးမှာ ကျွန်တော်က ဦးစစ်ကို စိုးရိမ်ပြီးတော့ အထိအခိုက် မခံချင်တာ သတ်သတ်ပဲ ဆိုပေမဲ့ ရလဒ်ကတော့ ဦးစစ်က ကျွန်တော်က သူ့ကို အဆက်မပြတ် စောင့်ကြည့်နေတယ် ဆိုပြီး အတွေးစဝင်မိစေခဲ့တယ်။
စောင့်ကြည့်တယ် ဆိုတဲ့ စကားက မှန်တယ်။ ဒါပေမဲ့ စောင့်ကြည့်တာက စီးပွားရေးအရ လှုပ်ရှားမှုတွေ ဒါမှမဟုတ် အကန့်အသတ်နဲ့သာ သိခွင့်ရှိတဲ့ အရာတွေ၊ သိုဝှက်ထားတဲ့ အရာတွေကို သိချင်တယ်လို့ ယတိပြတ် ယူဆလို့ မရဘူးလေ။
စောင့်ကြည့်တယ် ဆိုတဲ့ နောက်ကွယ်မှာ အဲဒီလူသားတစ်ယောက်ကို ဘေးကင်းရဲ့လား။ ကျန်းမာရဲ့လား။ အဆင်ပြေရဲ့လား။ ဘာများ လိုအပ်နေမလဲ ဆိုတဲ့ အတွေးတွေနဲ့လည်း ဖြစ်နိုင်တာပဲ မဟုတ်လား။ ဒါပေမဲ့ ကျွန်တော်က အဲဒီအကြောင်းအရင်းကို မရှင်းပြနိုင်ခဲ့ဘူး။ အကြိမ်ပေါင်းများစွာ ရှင်းပြချင်ခဲ့ပေမဲ့ ပြောပြချင်ခဲ့ပေမဲ့ နောက်ဆုံးမှာ ခေါင်းငုံ့မျက်နှာလွဲခဲ့ရတာကလည် အကြိမ်ပေါင်းများစွာပဲ ဖြစ်ခဲ့တယ်။
YOU ARE READING
မင်းကို မချစ်တော့ဘူး ဆိုတာ ငါညာတာ/မင္းကို မခ်စ္ေတာ့ဘူး ဆိုတာ ငါညာတာ
Romanceလူဆိုးလေးတစ်ယောက်ရဲ့ မျိုသိပ်နိုင်မှု။ "ဦးစစ် ကျွန်တော့်ကို မယုံဘူး ဆိုရင် ဘာလို့ အနားကို ပြန်လာခဲ့ပါလို့ ပြောခဲ့သေးလဲ" အမှန်အတိုင်း ပြောရရင် အခုအချိန်မှာ ကျွန်တော်က သူ့ခေါင်း မော့လှန်လာအောင် ဒီလူရဲ့ဆံပင်ကို ဆွဲလှန်ပစ်လိုက်ပြီးမှ နမ်းပစ်လိုက်ချင်တာ...